အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်လှစ်
အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်လှစ်
Ministry of Information/ Naypyitaw / May 26, 2026
နေပြည်တော် မေ ၂၅
လူငယ်ရေးရာဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ကျင်းပရာ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
တိုက်တွန်းပြောကြား
ဦးစွာ လူငယ်ရေးရာဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထောင်စုဝန်ကြီးက အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာများကို ပိုမိုသိရှိနားလည်စေရန်၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို သင်တန်း ပြီးဆုံးသည်အထိ စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူသွားစေလိုကြောင်း၊ တိုက်တွန်းပြောကြားပြီး သင်တန်းနည်းပြ ဆရာ ဆရာမများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ အစိုးရနည်းပညာ အထက်တန်းကျောင်းရှိ သင်ကြားရေးအထောက်အကူပြုပြခန်းနှင့် သင်တန်းခန်းမတို့ကို လိုက်လံကြည့်ရှုသည်။
အဆိုပါ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်းကို မေ ၂၅ ရက်မှ ဇွန် ၅ ရက်အထိ နည်းပြလေးဦးတို့က သင်တန်းသား ၂၅ ဦးကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
