အစီရင်ခံစာတွေရှာတယ်၊ သန်းခေါင်စာရင်းတွေရှာတယ်၊ နောက် Report တွေရှာတယ်၊ တရားရေးစီရင်ချက်တွေမှာပါတဲ့ အထောက်အထားတွေရှာတယ်။ အဲဒီ Instruction အကုန်လုံးထဲမှာ သူရှာတဲ့အခါမှာ ဘာပြောသလဲဆိုတော့ သူတို့သိမ်းပိုက်အုပ်ချုပ်ထားခဲ့တဲ့ ရခိုင်မှာ နှစ်ပေါင်း ၁၂၂ နှစ် ရှိခဲ့တဲ့ အထဲမှာ၊ အဲဒီအထောက်အထားတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးမတွေ့ဘူးလို့ရေးထားပါတယ်။ ဒီလူကဘယ်သူလဲဆိုရင် Derek Tonkin ဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူကလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးမတွေ့ဘူးဆိုပြီး အထောက်အထားနဲ့ပတ်သက်ပြီး ပြောထားပါတယ်

အစီရင်ခံစာတွေရှာတယ်၊ သန်းခေါင်စာရင်းတွေရှာတယ်၊ နောက် Report တွေရှာတယ်၊ တရားရေးစီရင်ချက်တွေမှာပါတဲ့ အထောက်အထားတွေရှာတယ်။ အဲဒီ Instruction အကုန်လုံးထဲမှာ သူရှာတဲ့အခါမှာ ဘာပြောသလဲဆိုတော့ သူတို့သိမ်းပိုက်အုပ်ချုပ်ထားခဲ့တဲ့ ရခိုင်မှာ နှစ်ပေါင်း ၁၂၂ နှစ် ရှိခဲ့တဲ့ အထဲမှာ၊ အဲဒီအထောက်အထားတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးမတွေ့ဘူးလို့ရေးထားပါတယ်။ ဒီလူကဘယ်သူလဲဆိုရင် Derek Tonkin ဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူကလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးမတွေ့ဘူးဆိုပြီး အထောက်အထားနဲ့ပတ်သက်ပြီး ပြောထားပါတယ်


Ministry of Information/ Naypyitaw / January 19, 2026
image_latest


မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ကြားနာပွဲနှင့်စပ်လျဉ်း၍ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းလွင်နှင့် မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်းတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -

ဦးဝင်းလွင် အငြိမ်းစားသံအမတ်ကြီး

နဂါးမင်းစစ်ဆင်ရေး စတင်ဖြစ်စဉ်ကာလတုန်းက ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သက်ဆိုင်ရာဌာနကို ကိုင်တွယ်တဲ့တာဝန်ခံ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ပကနေ တရားမဝင် ဝင်တဲ့သူတွေများလာတော့ သန်းခေါင်စာရင်း ပြန်စစ်ဆေးမှုလုပ်ကြတယ်။ ဒီလိုလုပ်တဲ့အခါ ပထမဆုံး Pilot Project ဆိုပြီး မင်္ဂလာတောင်ညွန့်မှာထင်တယ်၊ အဲဒီမှာစပြီးလုပ်တယ်၊ အဲဒီကနေ ရခိုင်ပြည်နယ် စစ်တွေအထိသွားပြီးလုပ်တယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာ ရခိုင်ပြည်နယ်အထဲကို အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေကြတဲ့သူတွေက သူတို့ဆီမှာ တရားဝင်မှတ်ပုံတင်လက်မှတ်မရှိတော့ ထွက်ပြေးသွားကြတယ်။

ထွက်ပြေးကြတော့ ပထမဆုံးနိုင်ငံခြားရေးရုံးကိုလာပြီးတိုင်တော့ လူဦးရေ ၈၀၀ လောက်၊ နောင်တဖြည်းဖြည်းများလာပြီး ကြီးကြီးကျယ်ကျယ်ဖြစ်လာတယ်။ ဟိုဘက်ကလည်း သိန်းနဲ့ချီဖြစ်လာတော့ ဟိုဘက်က ဒီဘက်ကို Complain လုပ်တယ်။ နိုင်ငံတော်အစိုးရကလည်း စစ်ဆေးဖို့လုပ်တယ်၊၊ နှစ်ဖက်ညှိနှိုင်းရေး ဟိုဘက်ကအဖွဲ့တွေလာပြီး ဆွေးနွေးတယ်၊ နှစ်ခါသုံးခါ ဆွေးနွေးတယ်၊၊ ဒီဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့သွားတယ်၊ အဲဒီလိုပဲလုပ်တယ်၊၊ ဒီကိစ္စကို အတန်တန်ဆွေးနွေးပြီး မြန်မာဘက်အနေနဲ့တို့နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေချင်းမြေချင်း ဆက်စပ်နေတဲ့ နိုင်ငံလည်းဖြစ်တယ်၊ လွတ်လပ်ရေးရခါစ နိုင်ငံဆိုပြီးတို့နိုင်ငံက အိမ်နီးနားချင်းထားတဲ့ မူဝါဒနဲ့အညီ တတ်အားသမျှ လုပ်ပေးမယ်ဆိုပြီး ဒီဟာကိုလူကြီးတွေက ပြန်လည်လက်ခံဖို့၊ ဒီမှာနေခဲ့တဲ့သူမှန်ရင် ပြန်လည်လက်ခံမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးသွားပြီး စေ့စပ်ဆွေးနွေးတယ်။

ပြန်လည်လက်ခံမယ်ပြောတဲ့အခါဖြစ်ပုံက အဲဒီထွက်ပြေးတဲ့ သူတွေကြားမှာ ခုနကပြောသလို သိန်းကျော်ရှိတယ်၊၊ တကယ်တမ်းပြောတဲ့အခါ မြန်မာမှတ်ပုံတင်လက်မှတ် အစစ်အမှန် တကယ်လက်ဝယ်ရှိသူက ၃၀၀၀ ကျော်ပဲရှိတယ်။ ကျန်တဲ့ဟာတွေက သူတို့ထွက်ပြေးတယ်၊ တဲတွေမီးရှို့ခံရ တယ်၊ ပျောက်သွားတယ်၊ ကျန်ရစ်ခဲ့တယ်၊ အဲဒီတော့ မှတ်ပုံတင်လက်မှတ်တွေ ပျောက်ဆုံးသွားတယ်ဆိုပြီး အဲဒီဆင်ခြေတွေပေးကြတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာနေခဲ့တဲ့သူ အစစ်အမှန်ဆိုရင် လက်ခံမယ်ဆိုပြီး အမျိုးမျိုးလျှော့ပေါ့တယ်။

မှတ်ပုံတင်လက်မှတ် အစစ်ဆိုတာက ၃၀၀၀၊ အစစ်ထဲမှာမှ အစစ်တစ်မျိုး၊ မှတ်ပုံတင်လက်မှတ်ကို ခိုးလုပ်ပေးတာက တစ်မျိုး၊ အိမ်ထောင်စုကတ်ပြား အတုလုပ်ထားတာတစ်မျိုး၊ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာနေခဲ့တဲ့သူ ဟုတ်တယ်၊ မှန်တယ်ဆိုရင်လက်ခံခဲ့တယ်၊၊ အားလုံးပေါင်းတစ်သိန်းနဲ့ သုံးသောင်းလား၊ လေးသောင်းလား၊ အတိအကျတော့ မမှတ်မိတော့ဘူး၊၊ အဲဒီ​လောက် လက်ခံခဲ့တယ်၊ အသိအမှတ်ပြုခဲ့တယ်။ ဒီကမ္ဘာတစ်ခုလုံးမှာ မြန်မာနိုင်ငံက စောစောစီးစီး၊ ခုနစ်ခုမြောက်သော အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အဓိပ္ပာယ်က အိမ်နီးနားချင်းပေါ်လစီကို ကောင်းကောင်းထားချင်တယ်။ ခင်မင်ရင်းနှီးတယ်ဆိုတဲ့ သဘောနဲ့လက်ခံတာ။

ဟိုကလည်း ဒါတွေအားလုံးပြန်ယူပါ၊ ဘာမှပြောမနေနဲ့၊ ပြန်ယူပါဆိုပြီး ဇွတ်ပဲပြန်ပြီးထိုးပေးခဲ့တယ်။ ဒီဘက်ကလည်း လက်ခံမယ်ဆိုတော့ လက်ခံတဲ့အခါမှာလည်း အဆင့်ဆင့်ဖြစ်တယ်၊ ရခိုင်ပြည်နယ်မှာ နေရိုးမှန်ခဲ့ရင် လက်ခံမယ်ဆိုပြီး ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီးလက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံအိမ်နီးချင်းဖြစ်တာရယ်၊ ချစ်ကြည်ရင်းနှီးမှုကို အကြောင်းပြုပြီး လက်ခံခဲ့ခြင်းဖြစ်တယ်။ အဲဒီသဘောနဲ့ပါ။

အခုနောက်ဆုံးကိစ္စ။ ဒါက တတိယအကြိမ် မြောက်ဖြစ်တယ်၊ ဒုတိယအကြိမ်မြောက်လည်းရှိတယ်၊ ဒီဟာကပြီးသွားပြီ။ တတိယအကြိမ်မြောက် ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံက အိမ်နီးနားချင်း ထုံးစံအတိုင်း ရခိုင်ပြည်နယ်မှာ နေခဲ့တဲ့သူမှန်ခဲ့ရင် လက်ခံမယ်ဆိုပြီး အရင်တုန်းကပြောခဲ့တဲ့အတိုင်း ပြောခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခါမှာ ဟိုဘက်က ဒီလိုမဟုတ်တော့ဘူး၊ ဟိုဘက်ကခေါင်းဆောင်က အရင်တုန်းကသူ မဟုတ်တော့ဘူး၊ ဒီကလက်ခံမယ့်ဟာကို ဟိုအရင်ကပြန်ပြီးပို့လိုက်တယ်၊ ဒီတစ်ခါကျတော့ ပို့တာမဟုတ်တော့ဘူး။ ဒီပြဿနာကို ရိုးရိုးနှစ်နိုင်ငံအကြား ပြဿနာထက် ကမ္ဘာ့ပြဿနာကြီးဖြစ်အောင် Internationalize လုပ်တယ်။

ဒီလို Internationalize လုပ်တော့ ဒီပြဿနာကကမ္ဘာတစ်ခုလုံးက ဝုန်းခနဲချက်ချင်းသိသွားတယ်။ အိုင်တီကို အသုံးပြုလိုက်တယ်။ အိုင်တီကိုသုံးလိုက်တာ မြန်မာနိုင်ငံခံလိုက်ရတယ်။ အိုင်တီကိုအသုံးပြုပြီး ကမ္ဘာ့ပြဿနာလုပ်ချလိုက်တယ်။ ဘယ်သူကလုပ်သလဲဆိုရင် သက်ဆိုင်ရာနိုင်ငံကလုပ်တာလား၊ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာတူအဖွဲ့အစည်းက လုပ်တာလားဆိုတာ ကျွန်တော်တို့မသိဘူး။ ဒီကိစ္စက ဘာမှမဟုတ်ဘူး။ ဒီကိစ္စကသေးသေးလေး၊ ဒီဘက်ကတော့ အရင်တုန်းကအတိုင်း ရိုးရိုးသားသားနဲ့ အရင်တုန်းကအတိုင်းလက်ခံခဲ့တယ်။ အဲဒီမှာပြန်ပြီး ပို့ဖို့ဟာကို ထစ်ငေါ့နေတဲ့အပြင် ကမ္ဘာ့ခုံရုံးမှာ အဲဒီဟာကိုတင်လိုက်တာ။ တင်လိုက်တဲ့အခါမှာလည်း အကြီးအကျယ်နဲ့ ပုဒ်မအကြီးကြီးတွေ တပ်လိုက်တယ်။

အမှန်အတိုင်း ဒီဘက်မှာဖြစ်တဲ့ အရေးအခင်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို သတ်တယ်၊ ဒီမှာလိုက်ပြီး ရှင်းလင်းတဲ့ အဖြစ်အပျက်ကလေးပါ။ အခုက ကမ္ဘာမှာနေရာတကာမှာ ကြားနေတယ်မလား၊ အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ သတ်ဖြတ်နေတာတွေ၊ ဗုံးချတာတွေနဲ့စာရင် ဒီဟာကသေးသေးလေးပါ။ ဘာမှမဆိုင်ဘူး။

နိုင်ငံရေးအားဖြင့် နိုင်အောင် ကျွန်တော်တို့နိုင်ငံကို သတ်တာ၊ အုပ်ချုပ်နေတဲ့ အစိုးရကိုသတ်တာ၊ နိုင်ငံတော်ကိုသတ်တာ၊၊ ဒီလိုလုပ်လိုက်တဲ့ဟာ တစ်သက်လုံးကြိုက်ကြိုက်၊ မကြိုက်ကြိုက် အတူတူပေါင်းသင်းနေထိုင်သွားရမယ့် နှစ်နိုင်ငံချစ်ကြည်ရေးလည်းပျက်သွားတယ်၊၊ တကယ်ဖြစ်နေတဲ့ နိုင်ငံကတရားစွဲရေးမဟုတ်ဘဲ ဘာမှမဆိုင်တဲ့၊ မြန်မာနိုင်ငံနဲ့ ဘာမှလည်းရန်မဖြစ်တဲ့၊ မသိတဲ့နိုင်ငံကနေ ကမ္ဘာ့ခုံရုံးကို သွားတင်ပြီးဖြစ်တယ်။ အဲဒီဟာက မှန်သလား၊ မှားသလား၊ သင့်သလား၊ မသင့်သလားဆိုတာ စဉ်းစားကြပါ။

သက်ဆိုင်ရာနိုင်ငံက မစွပ်စွဲဘဲ ဟိုကနေလှမ်းပြီးစွပ်စွဲတယ်၊ တမင်တကာ ဒါကိုလုပ်ကြံတာ၊ ဖန်တီးတယ်ဆိုတာကို နားလည်ဖို့လိုတယ်။ ဒီဟာဘယ်သူနဲ့၊ ပေါ်လစီတွေနဲ့မဆိုင်ဘူး၊၊ ရိုးရိုးတန်းတန်း ပြောခြင်းဖြစ်တယ်။ ဖြစ်သင့်တာက သူခံရရင် သူကပြန်ပြီးလုပ်ရမှာပါ။ သူကမလုပ်ဘဲ ဘာမှမဆိုင်တဲ့ ဘေးကလူကလုပ်တယ်။ မဆိုင်တာဆို ဟိုးအဝေးကြီးကပါ။ အဲဒီတော့ ရှေ့ကနဲ့ အခုနဲ့က ဘာကွာသလဲဆိုရင် အခုလိုဖြစ်သွားတော့ တစ်သက်လုံး ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လက်တွဲပြီး အိမ်နီးနားချင်း၊ ရေချင်းမြေချင်းဆက်စပ်နေတဲ့ နိုင်ငံနှစ်ခုလက်တွဲပြီး ပူးပေါင်းရမယ်။ အခုလို ကမ္ဘာကြီး ဖြစ်ပျက်နေကြတဲ့အချိန် လက်တွဲလုပ်ရမှာကို ကမ္ဘာ့အဖွဲ့အစည်းတစ်ရပ်က အဲဒီဟာကို အားမပေးဘဲ နှစ်နိုင်ငံပိုပြီးတော့ ဝေးအောင်လုပ်လိုက်တယ်လို့ မြင်ပါတယ်။ ရိုးရိုးအနေနဲ့မြင်တာပါ။ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ကမ္ဘာမှာပြဿနာတွေအများကြီးပါ။ အိမ်နီးနားချင်းပေါင်းလုပ်ရမယ့် အရာတွေလည်း အများကြီးပါ။ အဲဒါကိုတစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်အောင် လုပ်တဲ့အနေအထားလို့ မြင်မိပါတယ်။

ဒေါက်တာမြင့်သိန်း မြန်မာသမိုင်းအဖွဲ့ဝင်

ရိုဟင်ဂျာဆိုတဲ့ လူမျိုးကတကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဒီလူမျိုးမရှိပါဘူး၊၊ ရခိုင်ရာဇဝင်မှာလည်း ဒီလူမျိုးအကြောင်း ရေးထားတာမရှိဘူး၊ မြန်မာရာဇဝင်မှာလည်း ဒီလူမျိုးအကြောင်း ရေးထား တာမရှိဘူး၊၊ မြန်မာ့ရာဇဝင်ရဲ့ အစောပိုင်းကာလမှာ လူမျိုးတစ်ရာ့တစ်ပါးအကြောင်းရေးထားတဲ့ စာတမ်းပေါင်း ခြောက်စောင်လောက်ရှိတယ်၊ ဒီခြောက်စောင်လောက်ထဲမှာလည်း ဒီရိုဟင်ဂျာဆိုတဲ့ လူမျိုးအကြောင်းမပါပါဘူး။ ဒါဆိုရင် ဒီကိစ္စဘယ်လိုစပြီးဖြစ်လာလဲဆိုတော့ အရင်က သူတို့ကိုခေါ်တာက ရခိုင်မွတ်ဆလင်လို့ခေါ်တယ်၊ နောက်တစ်မျိုး ဘင်္ဂါလီလို့ခေါ်တယ်၊ နောက်တစ်မျိုး စစ်တကောင်းသားလို့ ခေါ်တယ်၊ တစ်ခါတစ်ခါခေါ်တောဆိုတဲ့ အခေါ်အဝေါ်လည်းရှိတယ်၊၊ ခေါ်တောဆိုတဲ့ အခေါ်အဝေါ်ဆိုရင် ၁၉၈၀ ကျော်လောက်အထိအောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဒီနာမည်ကခေါ်နေဆဲပါ။ ဒီစကားလုံးက အဲဒီကာလတွေထဲမှာ မပေါ်သေးပါဘူး။ အင်္ဂလိပ်အထောက်အထားတွေရှိတယ်။

ကိုလိုနီခေတ်ကရေးတဲ့ အထောက်အထားတွေ၊ ခေတ်ပြိုင်အထောက်အထားတွေမှာလည်း ဒီနာမည်က မပါသေးပါဘူး။ ၁၈၇၂ ခုနှစ်မှာ အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို ပထမဦးဆုံးစပြီး‌ အောက်မြန်မာနိုင်ငံ ရခိုင်ဘက်မှာ သန်းခေါင်စာရင်းစကောက်တယ်၊၊ သန်းခေါင်စာရင်းစကောက်တာကနေပြီးတော့ နောက်ပိုင်း ၁၈၈၁ ခုနှစ်မှာ သန်းခေါင်စာရင်း တစ်ခါထပ်ကောက်တယ်၊၊ နောက်ပိုင်း ၁၈၈၁ ခုနှစ်ကနေ ဆယ်နှစ်တစ်ခါ၊ ဆယ်နှစ်တစ်ခါ ကောက်သွားတဲ့ သန်းခေါင်စာရင်းမှာ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ အထိ သူတို့ကောက်တဲ့ သန်းခေါင်စာရင်းထဲမှာ လူမျိုးပါတယ်၊ လူဦးရေပါတယ်၊ ကျား၊ မ ခွဲတယ်၊ အသက်အရွယ်ခွဲတယ်၊ အဲဒီလိုခွဲတဲ့အခါမှာ တိတိကျကျ ဒီရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်တဲ့အထဲမှာ သူတို့သုံးတဲ့အသုံးအနှုန်းတွေမှာ ဘာလူမျိုးတွေတွေ့သလဲဆိုရင် ဘင်္ဂါလီနဲ့ စစ်တကောင်းသားဆိုပြီး ရေးထားပါတယ်။ နောက်‌တစ်ခါ ဟိန္ဒူစတန်ဆိုပြီး ရေးထားတယ်၊၊ ဒီအင်္ဂလိပ်ဆိုတဲ့လူက သန်းခေါင်စာရင်းမှာ တိတိကျကျလူဦးရေ အဝင်အထွက်ဘယ်လောက်ဝင်တယ်၊ ဘယ်လောက် ထွက်တယ် ဒီလိုသွားတာတောင်မှပဲ သူတို့ရဲ့စကားလုံးက ဒုတိယကမ္ဘာစစ်မတိုင်ခင်အထိအောင် ဒီနာမည်မပေါ်သေးပါဘူး။ ဒီနာမည်ပေါ်တာက တော်တော်လေးကို နောက်ကျတယ်ဆိုတဲ့ သဘောပါပဲ။ နောက်တစ်ခါ ဒါနဲ့ပတ်သက်ပြီးတော့ သေချာလေ့လာထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘာရေးထားသလဲဆိုရင် အဲဒီလူကတစ်ချိန်တုန်းက ထိုင်းနိုင်ငံရယ်၊ ဗီယက်နမ်နိုင်ငံရယ်၊ လာအိုနိုင်ငံရယ်မှာ ဗြိတိသျှသံအမတ်ကြီးအဖြစ်လုပ်ခဲ့ဖူးတဲ့လူ၊ ဒီလူကဒီလူမျိုးနဲ့ပတ်သက်ပြီးတော့ လေ့လာတဲ့အခါမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ဗြိတိသျှကိုလိုနီ ခေတ်တုန်းက အထောက်အထားတွေအကုန်လုံးကို သွားပြီးတော့ရှာတယ်။

အဲဒီလိုရှာတဲ့အခါမှာ အစီရင်ခံစာတွေရှာတယ်၊ သန်းခေါင်စာရင်းတွေရှာတယ်၊ နောက် Report တွေ ရှာတယ်၊ တရားရေးစီရင်ချက်တွေမှာပါတဲ့ အထောက်အထားတွေရှာတယ်။ အဲဒီ Instruction အကုန်လုံး ထဲမှာ သူရှာတဲ့အခါမှာ ဘာပြောသလဲဆိုတော့ သူတို့သိမ်းပိုက်အုပ်ချုပ်ထားခဲ့တဲ့ ရခိုင်မှာ နှစ်ပေါင်း ၁၂၂ နှစ် ရှိခဲ့တဲ့အထဲမှာ အဲဒီအထောက်အထားတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးမတွေ့ဘူးလို့ ရေးထားပါတယ်။ ဒီလူက ဘယ်သူလဲဆိုရင် Derek Tonkin ဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူကလည်း ရိုဟင်ဂျာဆိုတဲ့ စကား လုံးမတွေ့ဘူးဆိုပြီး အထောက်အထားနဲ့ပတ်သက်ပြီး ပြောထားပါတယ်။

နောက်ဒီလိုပဲ ရခိုင်နဲ့ပတ်သက်ပြီးတော့ အလွန်ထင်ရှားတဲ့ သုတေသီတစ်ဦးဖြစ်တဲ့ ယက်လိုင်ဒါဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီစကားလုံးက ၁၉၅၀ ပတ်ဝန်းကျင်လောက်မှ ရေပန်းစားပြီးပေါ်ပေါက်လာတဲ့ စကားလုံး ဖြစ်တယ်ဆိုပြီးတော့ Oxford ကထုတ်တဲ့ အာရှဆိုင်ရာထဲမှာ Encyclopedia ရေးထားတာတွေ့ရပါတယ်။ ကျွန်တော်တို့က ဒီလူမျိုးဟာ အသစ်တီထွင်တဲ့ လူမျိုးဆိုတဲ့ သဘောမျိုးဆိုတာ မှန်းဆလို့ရပါတယ်။

နောက်တစ်ချက်က ဘာလဲဆိုရင် ဒီလူမျိုးဘယ်တုန်းက ပေါ်ပေါက်လာသလဲဆိုရင် ဒုတိယ ကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းကျမှ ဒီနာမည်စပေါ်တာပါ၊၊ ဒါတောင်မှပဲ ဒုတိယကမ္ဘာစစ်ပြီးတဲ့ နောက်ပိုင်း ဒီလူမျိုးပေါ်ပေါက်လာဖို့ အခြေခံအကြောင်းရင်းအစက ဘာကြောင့်လဲဆိုတဲ့အခါ ကျွန်တော်တို့ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်တွေက ခွဲထွက်ဖို့ကြိုးစားကြတယ်။ ကြိုးစားတဲ့အခါကျတော့ ပါကစ္စတန်နိုင်ငံဆိုပြီး သီးခြားခွဲထွက်ဖို့ လုပ်တဲ့အခါမှာ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မွတ်ဆလင်တွေ က အကယ်၍သာ ပါကစ္စတန်ကို ခွဲထွက်ဖို့လုပ်ခဲ့မယ်ဆိုရင် အဲဒီနိုင်ငံထဲမှာ သူတို့ပေါင်းပါရစေပြီးတော့ အဲဒီပါကစ္စတန်ခွဲထွက်ရေး ခေါင်းဆောင်ဖြစ်တဲ့ အိန္ဒိယက အလီဂျင်းနားဆိုတဲ့ ပုဂ္ဂိုလ်ဆီကိုသွားပြီး တောင်းဆိုပါတယ်။ ဒါပေမယ့် အလီဂျင်းနားကလက်မခံပါဘူး၊၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရှိခဲ့စဉ်မှာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဖို့အတွက် လန်ဒန်ကိုသွားတဲ့အခါမှာ အိန္ဒိယကို သူခဏဝင်တယ်၊၊ ဝင်တဲ့အခါမှာ အိန္ဒိယဝင်ပြီးတော့ အလီဂျင်းနားနဲ့ မွတ်ဆလင်ခွဲထွက် ရေးခေါင်းဆောင်နဲ့ သွားတွေ့ပါတယ်။ တွေ့တဲ့အခါ ဒီကိစ္စပြောတဲ့အခါ ဗိုလ်ချုပ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်ချပါ၊ ကျွန်တော်တို့ သူတစ်ပါးနိုင်ငံဒေသနဲ့ ပေါင်းဖို့ဘယ်တော့မှဆန္ဒမရှိဘူး၊ အဲဒီထဲကခွဲထွက်ဖို့ ကြိုးစားတဲ့သူတွေကိုအားလုံးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ်ဒါနဲ့ပတ်သက်ပြီး ပူစရာမလိုဘူးလို့ သူက ပြောလိုက်ပါတယ်။ အဲဒီလိုသွားပြီးတော့ ပေါင်းဖို့ကြိုးစားတဲ့ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မွတ်ဆလင်အဖွဲ့တွေက နောက်ဆုံးတော့ သူတို့ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီး ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါမှာ မြန်မာပြည်ထဲမှာ သီးခြားတောင်းဆိုလို့ရမယ့် အနေအထားမျိုးကို စဉ်းစားလာကြပါတယ်။

အဲဒီမှာ ပြဿနာက ဘာဖြစ်လာသလဲဆိုတဲ့အခါ ၁၉၄၈ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေးရတဲ့အခါမှာ ရခိုင်မှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေကနေပြီးတော့ သီးခြားပြည်နယ်အဖြစ်နဲ့ လွတ်လပ်တဲ့ဒေသအဖြစ် တောင်းဆိုမှုစလုပ်ပါတယ်။ လုပ်လာတော့ ဘင်္ဂါလီတွေက ဘာစဉ်းစားလဲဆို‌တော့ အကယ်၍သာ ရခိုင်ကို သီးခြားပြည်နယ် သီးခြားလွတ်လပ်မှုပေးလိုက်မယ်ဆိုရင် သူတို့အပေါ်မှာ ပိုပြီး ဖိနှိပ်မှုတွေ များလာမှာဖြစ်တဲ့အတွက်ကြောင့် ငါတို့လည်း သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းမယ်ဆိုပြီး စပြီးကြံစည်လာတယ်။ သူတို့က ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီးတော့ စပြီးစဉ်းစားလာကြတယ်။

အဲဒီစဉ်းစားတဲ့ အထဲမှာ တစ်ချက်က ၁၉၄၈ ခုနှစ်လောက်က မူဂျာဟစ်ခေါင်းဆောင်ကနေပြီးတော့ သူတို့လူမျိုးတွေနဲ့ပတ်သက်ပြီးတော့ တောင်းဆိုမှုစလုပ်လာတယ်၊၊ လုပ်လာတဲ့အခါမှာ အဲဒီမွတ်ဆလင် လွတ်မြောက်ရေးခေါင်းဆောင်က မွတ်ဆလင်ညီလာခံမှာ သူကဘာတောင်းဆိုသလဲဆိုတော့ သူတို့ကို ရခိုင်မွတ်ဆလင်အဖြစ်နဲ့ ပြည်နယ်ပေးဖို့ စတောင်းလာတယ်၊၊ နောက်တစ်ခါ ၁၉၅၁ ခုနှစ်မှာထင်တယ်၊ မောင်တောမှာရှိနေတဲ့ အလယ်သံကျော်ရွာမှာ မွတ်ဆလင်ညီလာခံ လုပ်တဲ့အခါမှာလည်း ဘင်္ဂါလီတွေကို သီးခြားပြည်နယ်ပေးဖို့ တောင်းဆိုလာတယ်၊၊ တောင်းလာတဲ့အခါမှာလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးမပါသေးဘူး၊၊ သူတို့ကို သီးခြားပြည်နယ်ပေးပါ၊ သူတို့ကို သီးခြားဆောင်ရွက်ဖို့အတွက် ရခိုင်မွတ်ဆလင်ဆိုပြီး နာမည်ခေါ်ခွင့်ပေးပါဆိုပြီးပဲ တောင်းတာပဲလုပ်ကြတာ။

ရခိုင်မွတ်ဆလင်ဆိုတဲ့ အခေါ်အဝေါ်ကို ရခိုင်တိုင်းရင်းသားတွေက မကြိုက်ကြဘူး၊၊ ဘာလို့လဲ ဆိုတော့ သူတို့ ရခိုင်တိုင်းရင်းသားထဲမှာ မွတ်ဆလင်မရှိဘူး၊ ဒါကြောင့်မို့ သူကအဲဒီနေရာမှာတင် လက်မခံဘူးဖြစ်ကြတာ။ ကျွန်တော်တို့က အဲဒီအချိန်တုန်းကခေါ်ကြတာက စစ်တကောင်းသားတို့၊ ဘင်္ဂါလီတို့၊ ရခိုင်မွတ်ဆလင်တို့၊ ခေါ်တောတို့ ခေါ်ကြတဲ့အထဲမှာ သူတို့ကြိုက်တာ ရခိုင်မွတ်ဆလင်ဆိုတဲ့ ဒီနာမည်ကို ကြိုက်တာ၊ ဒါပေမယ့်ရခိုင်တိုင်းရင်းသားတွေက လက်မခံဘူး၊ ဒါကြောင့် နာမည်အသစ်တစ်ခု စဉ်းစားလာကြတယ်။

စဉ်းစားတဲ့အခါမှာ ၁၉၅၀ ပြည့်နှစ်လောက်မှာ ဒီနာမည်စပြီးတော့ တွင်တွင်ကျယ်ကျယ် စဖြစ်လာပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ၁၉၄၈ ခုနှစ်ကျော်ကျော်လောက်မှာ ပထမဆုံးစပြီးတော့ ရွင့်ကျဆိုတဲ့ စကားလုံးစသုံးလာတယ်၊၊ တစ်နေရာကနေလွင့်လာတဲ့ ဒုက္ခသည်တွေကိုပြောတာ၊၊ နောက်ပိုင်းလွှတ်တော်ထဲမှာတက်လာတဲ့ အဗ္ဗဒူဂဖားဆိုတဲ့ ပုဂ္ဂိုလ်က ၁၉၅၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်မှာ လွှတ်တော်ထဲမှာ ပြောလာတယ်။ သူတို့လူမျိုးတွေကို ရိုဟင်ဂျာဆိုတဲ့ စကားလုံးသုံးလာတယ်၊ ဒီလိုသုံးလာတာနဲ့ အတူတူပဲ တစ်ချိန်တည်းမှာပဲ ဂါးဒီးယန်း သတင်းစာမှာ သူက အကျယ်တဝင့် ရိုဟင်ဂျာသမိုင်းဆိုတဲ့ သဘောမျိုးနဲ့ သူကဆောင်းပါးတစ်စောင်ရေးတယ်။ အဲဒီဆောင်းပါးကို အဗ္ဗဒူဂဖားတာက ဆူဒေတန်မွတ်ဆလင်ဆိုပြီး သူကရေးတာ၊ ရေးတော့ ၁၉၅၁ ခုနှစ်လောက်မှာ ဂါးဒီးယန်းသတင်းစာမှာ ပါလာပြီးတော့ ၁၉၆၀ ပြည့်နှစ် မေလလောက်ကျတော့ အမ်အေတဟီဘသာဆိုပြီးတော့ နောက်တစ်ယောက်က‌ရေးတယ်၊ ဒီလိုပဲ ရိုဝန်းညှာဆိုပြီးတော့ အဲဒီမှာလည်း ရိုဟင်ဂျာမဟုတ်သေးဘူး၊ ရိုဝန်းညှာဆိုတဲ့ လူမျိုးဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ ဂါးဒီးယန်း သတင်းစာမှာ တစ်ခါရေးတယ်။

တစ်နည်းအားဖြင့် ၁၉၅၀ ကျော်လောက်မှ ဒီနာမည်က ထင်ထင်ရှားရှား စတင်ဖန်တီးလာတာ။ ဒီဟာဆိုရင် တိုင်းရင်းသားမဟုတ်တာ သေချာသွားပြီ၊ ဒီလူမျိုးဟာနောက်မှ တမင်တကာဖန်တီးယူတဲ့ လူမျိုးဖြစ်တယ်ဆိုတာလည်း သေချာသွားပြီ။ ၁၉၅၃ ခုနှစ် စစ်တွေမှာ သန်းခေါင်စာရင်းကောက်တဲ့ အချိန်မှာ စစ်တကောင်းဘက်ကနေပြီးတော့ ဝင်လာတဲ့သူတွေကို ဘူးသီးတောင်-မောင်တောကလူတွေက အကုန်လုံးလက်ခံတယ်။ လာခိုင်းပြီးတော့ သန်းခေါင်စာရင်းထဲမှာ အတင်းထည့်ကြတယ်၊ ထည့်တဲ့အခါ လူမျိုးဆိုတဲ့နေရာမှာ တချို့က ရခိုင်မွတ်ဆလင်ဆိုပြီးထည့်တယ်၊ တချို့က ရိုဟင်ဂျာဆိုတာ ထည့်တယ်။

ဒါကြောင့်မို့ ကျွန်တော်တို့က သူတို့သုံးတဲ့စကားလုံးက ဒီအနောက်တိုင်းမှာရှိတဲ့ သုတေသီ ပညာရှင်တွေပြောသလို ၁၉၅၀ ပတ်ဝန်းကျင် လောက်မှ စပြီးတော့ပေါ်ပေါက်လာခဲ့တာ လူမျိုးနာမည်အတုတစ်ခုဖြစ်တယ်ဆိုတာ မှန်းလို့ရတယ်။ တမင်တကာလုပ်ပြီး နိုင်ငံရေးအရ တမင်တကာ ဖန်တီးပြီး ရယူတယ်ဆိုတာကို မှန်းဆလို့ရတယ်။

သတင်းအဖွဲ့

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026
AnnouncementsExplore more >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Posted on Jan 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Posted on Jan 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က...

Posted on Jan 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ