အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်လှစ်
အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်လှစ်
Ministry of Information/ Naypyitaw / June 04, 2026
နေပြည်တော် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး အထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်၍ဖွင့်လှစ်
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က သွားနှင့်ခံတွင်း ရောဂါအထူးကုဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး သံဃာတော်အပါး ၅၀ အား အံကပ်တပ်ဆင်ပေးနေမှု၊ သွားနှင့်ခံတွင်းရောဂါအထူး ကုသခန်းများ၊ သွားနှင့်ခံတွင်း အထူးဓာတ်မှန်ခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူများလက်လှမ်းမီ ရရှိနိုင်ရေးအတွက် သွားနှင့်ခံတွင်းအထူးကုဆေးရုံကို နေပြည်တော်၌လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနများကို မန္တလေးပြည်သူ့ဆေးရုံကြီး ကန်တော်နဒီ ကုသဆောင်တွင်လည်းကောင်း၊ ရန်ကုန်တွင်အထူးကုဆေးရုံ (သာကေတ) နှင့် ရန်ကုန်တက္ကသိုလ် ဆေးရုံတို့တွင်လည်းကောင်း ယခုအထူးကုဆေးရုံ (မင်္ဂလာဒုံ) တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ အံကပ်တပ်ဆင်ခြင်း အစရှိသည့်ကုသမှုများကို လာရောက်ကုသမှုခံယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Posted on May 26, 2026သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်)...
Posted on May 21, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
Posted on Jun 2, 2026၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။
