အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မျိုးသုဉ်းရန်အန္တရာယ်ရှိမှုအဆင့် လျှော့ချခဲ့သော်လည်း ပြင်သာလိပ်များ တစ်နှစ်ထက်တစ်နှစ် ကောင်ရေလျော့ကျမှုရှိနေ
အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မျိုးသုဉ်းရန်အန္တရာယ်ရှိမှုအဆင့် လျှော့ချခဲ့သော်လည်း ပြင်သာလိပ်များ တစ်နှစ်ထက်တစ်နှစ် ကောင်ရေလျော့ကျမှုရှိနေ
Ministry of Information/ Naypyitaw / November 17, 2025
ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၁၆
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များပြင်ဆင်ခြင်းတွင် ပြင်သာလိပ် Green turtle (Chelonia mydas) ကို ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသောအဆင့်မှ စိုးရိမ်စရာအနည်းဆုံးအဆင့်သို့ ပြန်လည်လျှော့ချသတ်မှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ တစ်နှစ်ထက်တစ်နှစ် အကောင်ရေ လျော့ကျနေကြောင်း မော်တင်ကမ်းခြေဒေသ- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (ဟိုင်းကြီးကျွန်း) မှ သိရသည်။
“ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်း စောင့်ရှောက်ရေးကြိုးပမ်းမှုကြောင့် လိပ်အကောင်ရေတိုးပွားလာလို့ စိုးရိမ်စရာ အနည်းဆုံးအဆင့်သို့ လျှော့လိုက်တယ်ဆိုပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ ပြင်သာလိပ်ကောင်ရေက တစ်နှစ်ထက် တစ်နှစ်လျော့ကျနေပါတယ်။ နောက်ဒီပြင်သာလိပ်ဆိုရင် မြန်မာနိုင်ငံ ကိုကိုးကျွန်းနဲ့ သမီးလှကျွန်းမှာ အကောင်ရေအများဆုံး တက်ရောက်ဥချတာ၊ ရခိုင်ပြည်နယ် နံ့သာကျွန်းမှာတော့ ဥတက်ချမှုအနည်းအကျဉ်းလောက်ပဲရှိတယ်။ ကျွန်တော်ကိုကိုးကျွန်းကို ၂၀၀၃ ခုနှစ်မှာ တစ်ခေါက်၊ ၂၀၀၇ ခုနှစ်တုန်းကတစ်ခေါက်၊ နောက် ၂၀၂၃ ခုနှစ်မှာ သုံးခေါက်ရောက်တယ်။ အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းကဆိုရင် တစ်ညတည်းကို ၅ မနဲ့ ၁၀ မကြား တက်ရောက်ဥချတာ၊ ၂၀၂၃ ခုနှစ်ကျတော့ တစ်ရက်ကို တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ဥချတော့တယ်။ အခုအထိဖြစ်နေတာ၊ အဲဒီဘက်မှာ အကောင်ရေလျော့နည်းလာတယ်ပြောရမှာပါ” ဟု မော်တင်ကမ်းခြေဒေသ-သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (ဟိုင်းကြီးကျွန်း)မှ ဥက္ကဋ္ဌ ဦးဖုန်းမော်က ရှင်းပြသည်။
“နောက်ပြီး သမီးလှကျွန်းလည်း လွန်ခဲ့တဲ့ နှစ် ၂၀၊ နှစ် ၃၀ လောက်ကဆိုရင် ဥကျင်း ၃၀၀ ကျော်လောက် ဥတက်ချတာ၊ အခုဆိုရင် ဥကျင်းအရေအတွက် ၁၀၀ ပြည့်ဖို့တောင်မလွယ်ဘူး၊ တစ်လမှ ၁၀ မ အောက်ပဲ တက်တော့တယ်၊ အခုဒီနှစ်ဆိုရင် ကျွန်တော်သတိထားမိသလောက် တစ်လကို ခြောက်ကောင်၊ ခုနစ်ကောင် အဲဒီလောက်ပဲ တက်ရောက်ဥချတော့တယ်။ အကောင်ရေတဖြည်းဖြည်းနဲ့ လျော့ကျလာသလို ဥတက်ချမှုတွေလည်း နည်းလာတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ (ငြိမ်း) လည်းဖြစ်သူ ဦးဖုန်းမော်က ဆက်လက်ရှင်းပြသည်။
ပြင်သာလိပ်များ အကောင်ရေလျော့ကျလာခြင်းမှာ ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခံရခြင်း၊ ၎င်းတို့၏ ဥနှင့် အသားများစားသုံးရောင်းဝယ်ကြခြင်း၊ ကမ်းခြေများ ဖွံ့ဖြိုးလာ၍ ပင်လယ်လိပ်ဥချသည့် ကမ်းခြေများဆုံးရှုံးလာခြင်း၊ ပင်လယ်ပြင်အတွင်း ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများပြားလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ပင်လယ်ရေပြင် ညစ်ညမ်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်သည် ဧရိယာ ၂၈၃၂ ကီလိုမီတာ ရှည်လျားကာ ကျွန်းပေါင်း ၁၀၀၀ ခန့် ပိုင်ဆိုင်ကြောင်း၊ အဆိုပါကမ်းခြေနှင့် ကျွန်းများတွင် ပင်လယ်လိပ်များ တက်ရောက်ဥချနိုင်သည့်နေရာဒေသ များစွာရှိကြောင်းလည်း သိရသည်။
“လက်ရှိအခြေအနေကတော့ တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် ပြုန်းတီးမှုကျတော့ ကျွန်တော်တို့ နိုင်ငံကများတယ်၊ ဒါ့အပြင် တခြားနိုင်ငံတွေက လိပ်တွေရဲ့ တန်ဖိုးကို ပြည်သူတွေက တော်တော်များများသိကြတယ်။ ကျွန်တော်တို့ နိုင်ငံကျတော့ အဲဒီလိုသိတဲ့လူက နည်းတယ်။ ပြီးတော့အရင်က ကျွန်တော်ပင်လယ်ကမ်းရိုးတန်းနေရာတွေမှာ လိပ်တွေအကြောင်းပြောရင် သူတို့က တအံ့တသြဖြစ်နေကြတာ၊ သူတို့က လိပ်ဆိုတာပဲသိတာလေ၊ လိပ်တွေ့ရင် မိရင်စားလိုက်မယ်၊ လိပ်တွေက တန်ဖိုးဘယ်လိုရှိတယ်။ ဘယ်လိုတွေဆက်စပ်သလဲ သူတို့မသိကြဘူး။ အခုဒီဘက်ခေတ်ရောက်မှ ဌာနတွေကလည်း ပညာပေးတွေ လုပ်နိုင်သလောက်တွဲလုပ်လို့ ပြည်သူကို ပညာပေးတဲ့အဆင့်ထိ ရောက်လာတာပါ” ဟု ၎င်းက ထပ်မံရှင်းပြသည်။
ပြင်သာလိပ်များသည် ပင်လယ်မြက်နှင့် ရေညှိများကိုစားပြီး ၎င်းတို့၏ အစိမ်းရောင်အဆီကြောင့် လူသိများသော ပင်လယ်လိပ်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ပြင်သာလိပ်ကို အပူပိုင်းဒေသနှင့် သမပိုင်းသမုဒ္ဒရာများတွင် တွေ့ရှိရကြောင်း၊ အလွန်ဝေးကွာသော အစာစားကျက်များ (feeding grounds)နှင့် ဥချရာနေရာ (nesting grounds) များကြား ရွှေ့ပြောင်းနေထိုင်ကြကြောင်း၊ ပြင်သာလိပ်များသည် သက်တမ်းရှည်ကြာပြီး သက်တမ်းမှာ နှစ် (၇၀) သို့မဟုတ် ယင်းထက်ပိုကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ပင်လယ်လိပ်မျိုး စိတ်ခုနစ်မျိုးရှိပြီး အာဆီယံနိုင်ငံများ၏ ပင်လယ်ပြင်တွင် ခြောက်မျိုးရှိရာ မြန်မာနိုင်ငံရေပြင်တွင် လိပ်စောင်းလျား (Leat- herback)၊ လိပ်ခွေး (Loggerhead)၊ လိပ်ကြက်တူရွေး (Hawaksbill)၊ ပြင်သာလိပ် (Green Turtle)၊ လိပ်လှောင်း (Olive Ridley) ဟူသော မျိုးစိတ်ငါးမျိုးကို တွေ့မြင်နိုင်ကြောင်း သိရသည်။
ပိန်းဇလုပ် - သိန်းညွန့်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
