အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများဖွင့်လှစ်ခြင်းအခမ်းအနားသို့တက်ရောက်
အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများဖွင့်လှစ်ခြင်းအခမ်းအနားသို့တက်ရောက်
Ministry of Hotel & Tourism/ နေပြည်တော် / February 02, 2026
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက်
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများဖြစ်သည့် “ရုရှားဘာသာ စကား (အခြေခံ) သင်တန်းအမှတ်စဉ် (၄)” ၊ “ဒီဂျစ်တယ်နည်းလမ်းဖြင့် ခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေးသင်တန်း” နှင့်“အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးသင်တန်းများ” ဖွင့်ပွဲကို ဇန်နဝါရီလ (၃၀) ရက်နေ့က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ The Strand Hotel ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြပီး အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် “ရုရှားဘာသာစကား (အခြေခံ) သင်တန်းအမှတ်စဉ် (၄)”ကို သင်တန်း သား ၁၁၀ တက်ရောက်လျက်ရှိပြီး သင်တန်းကာလ နှစ်လကြာမြင့်မည်ဖြစ်ကာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း အကောင်အထည်ဖော် ဖွင့်လှစ်သော “ဒီဂျစ်တယ်နည်းလမ်းဖြင့်ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင် ရေးသင်တန်း” ကို အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၇၀ စီနှင့် သင်တန်းကာလ ရက်သတ္တနှစ်ပတ်ဖြင့် သင်တန်းအပတ်စဉ် နှစ်ခုကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးတန်းများတွင် အစားအစာရောင်းချသူများအတွက် ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် “အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေး သင်တန်း”ကို သင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅၀ စီ သင်တန်းကာလ ရက်သတ္တပတ်ဖြင့် သင်တန်းအပတ်စဉ် လေးခုကိုလည်းကောင်း ဖွင့််လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Posted on Feb 02, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Feb 1, 2026တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
Posted on Jan 31, 2026၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
