အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဆေးရုံကြီး (မန္တလေး) ၌ ကျောက်ကပ်တုသွေးသန့်စင်စက် လှူဒါန်းပွဲသို့ ဒုတိယဝန်ကြီး တက်ရောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဆေးရုံကြီး (မန္တလေး) ၌ ကျောက်ကပ်တုသွေးသန့်စင်စက် လှူဒါန်းပွဲသို့ ဒုတိယဝန်ကြီး တက်ရောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


Ministry of Labour/ ရုံးအမှတ် (၅၁) ၊နေပြည်တော် / March 28, 2024


မန္တလေး မတ် ၂၈

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး(မန္တလေး)အား ၃-၃-၁၉၈၃ ရက်နေ့တွင် အုတ်မြစ်ချစတင်တည်ဆောက်၍ ၁၅-၅-၁၉၉၀ ရက်နေ့တွင် ခုတင် (၁၅၀)ဆံ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေး ဌာနနှင့် ခွဲစိတ်ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသပေးလျက်ရှိပါသည်။ ပြင်ပလူနာ များအား ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာ အဖြစ်ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း များကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တုသွေးသန့်စင်စက် (၂) လုံးကို ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် တပ်ဆင်၍ ကျောက်ကပ်သန့်စင်ဆေးကြောပေးလျက်ရှိရာ လူနာဦးရေ (၈)ဦးကို အကြိမ်ရေ (၆၄) ကြိမ်တိုင် ဆေးကြော ပေးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ပိုမိုကောင်းမွန်ပြည့်စုံသော ကျောက်ကပ်သန့်စင်ဆေးကြောခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနှင့် (၁၁၄-B) လမ်းထောင့်ရှိ “နေလဖောင်ဒေးရှင်း” မိသားစုမှ တန်ဖိုးငွေကျပ် ၆၃,၀၀၀,၀၀၀/- (ကျပ် ခြောက်ရာ သုံးဆယ်သိန်းတိတိ) တန်ဖိုးရှိသည့် NIKKISO DBB-27 made in JAPAN စက် (၂) လုံးကို “နေလဖောင်ဒေးရှင်း”၏ Founder ဖြစ်သော ဦးလောဝူး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ၂၈-၃-၂၀၂၄ ရက်နေ့တွင် ကျန်ရစ်သူ သား/သမီးများမှ လှူဒါန်းလာသဖြင့် ကျောက်ကပ်တုသွေးသန့်စင်စက် (၂) လုံး လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို အလုပ်သမားဆေးရုံကြီး (မန္တလေး)၌ ၂၈-၃-၂၀၂၄ ရက်နေ့တွင်ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက် လက်ခံ၍ ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


 

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Posted on Apr 26, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Apr 23, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Apr 22, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on Apr 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Posted on Apr 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Posted on Apr 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

HOT NEWS
January 4,