အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / April 25, 2024
နေပြည်တော် ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့အရှေ့ဘက် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၇ နာရီခန့်က လမ်းသွားလမ်းလာကားတွေကို တားဆီးစစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါ ကောလာဟလသတင်းသည် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းဖြစ်ပြီး ၎င်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေခြင်းသာရှိပြီး၊ တရားမဝင် ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြနေသည့် လူငယ်များကို ဖမ်းဆီးထားသည်ဆို သည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် သတင်းအဆိပ်ခတ် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း CV form နှင့်တကွ ကြေငြာခြင်း
Posted on May 3, 2024သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း
Posted on May 3, 2024သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။