ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / July 18, 2024
image_latest


နေပြည်တော် ဇူလိုင် ၁၇

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ အသိပညာမျှဝေဆွေးနွေးပွဲကို “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်က “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက “How to fight Age Related Problems” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ သတိပြုလိုက်နာဆင်ခြင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ရာသီအပြောင်းအလဲကြောင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်နိုင်သည့်အချက်များကို ရှင်းလင်းကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သတ်မှတ်နေရာများ၌ နေပြည်တော် သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့က ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ သွားနှင့် ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တွဲဖက်ပါမောက္ခ ဒေါက်တာခင်စန္ဒာ ဦးဆောင်သောအဖွဲ့က ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 12, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Posted on Jan 11, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025
AnnouncementsExplore more >

မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်း

Posted on Jan 15, 2025

မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး များ ခန့်ထားခြင်း

Posted on Jan 15, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး များ ခန့်ထားခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Posted on Jan 14, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။