ဦးစီးအရာရှိနှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
ဦးစီးအရာရှိနှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / July 30, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် ဦးစီးအရာရှိနှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပ ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များတိုးတက်လာစေရန် နှင့်လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိမှလည်း “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဆိုသည့် ရုံး၏ ဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ဦးစီးအရာရှိနှင့် စာရင်းစစ်မှူးများသည် စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် စစ်ဆေးရေး အဖွဲ့များကို ဦးဆောင်စစ်ဆေးရသည့် ဝန်ထမ်းများဖြစ်သဖြင့် သင်ကြားပို့ချမှုများကို ကောင်းစွာနားလည်သဘောပေါက်အောင် လေ့လာပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချ နိုင်ရန်အတွက် ကြိုးစားသင်ယူကြရန်လိုအပ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများသည် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ထမ်းဆောင်နေသည့် လုပ်ငန်းဖြစ်ရာ သင်တန်းသူ/သား များအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေ့ရှု၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ အပ်နှင်းထားသည့်တာဝန်များကို ကျေကျေပွန်ပွန် ဆောင်ရွက်သွားကြရန်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်များဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန်၊ ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်များကို အမြဲတမ်းနှလုံးသွင်းပြီး “သင့်အောင်ပေါင်း၊ ကောင်းအောင်နေ၊ တော်အောင်ကြိုးစား၊ စည်းကမ်းရိုသေ၊ တာဝန်ကျေပါစေ” ဟူသည့် စာရင်းစစ်ချုပ်ရုံး၏ ဆောင်ပုဒ်နှင့်အညီ ပြုမူနေထိုင်ကြရန် မှာကြားလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်တာဝန်ခံမှ သင်တန်းဆိုင်ရာအချက်အလက်များ ပြောကြား ခဲ့သည်။
ယခုသင်တန်းကို ၂၁-၇- ၂၀၂၅ မှ ၈-၉-၂၀၂၅ ထိ ရက်သတ္တပတ် (၇) ပတ် ကြာဖွင့်လှစ် မည်ဖြစ်ပြီး သင်ကြားမှုပုံစံမှာ ရုံးချုပ်အနေဖြင့် လုပ်ငန်းခွင်မပျက်စေဘဲ Online ဖြင့် ရုံးချိန် ပြင်ပစာသင်ချိန် (၅၆) ချိန်နှင့် Face to Face စာသင်ချိန် (၃၀)ချိန် စုစုပေါင်း (၈၆) ချိန်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံး တို့တွင် သက်ဆိုင်ရာအလိုက် သတ်မှတ်ထားသည့် စာသင်ချိန်များဖြင့် စုစုပေါင်း စာသင်ချိန် (၈၆)ချိန်ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဒေသခြေအနေအရ ခရီးသွားလာရန် ခက်ခဲ သည့် တိုင်းဒေသကြီး/ပြည်နယ်တို့မှ သင်တန်းသား (၂၀၅) ဦးကို ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှ ဖွင့်လှစ်သော သင်တန်းချိန်များတွင် တက်ရောက်စေမည်ဖြစ်သည်။ ယခုသင်တန်းတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးအရာရှိ (၄၀၃) ဦးနှင့် စာရင်းစစ်မှူး (၃၁၄) ဦး သင်တန်းသား စုစုပေါင်း (၇၁၇) ဦး တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ် ချုပ်ရုံး တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်
Posted on Jul 31, 2025၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း
Posted on Jul 31, 2025နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း