ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / June 10, 2025
ပုသိမ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်း အနန္တမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်သီတင်းသုံးတော်မူသည့် ဂန္ဓကုဋီတိုက် တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်မိသားစုတို့က ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ(အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇ)နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တန်ဆောင်းတော်ကြီးအား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာတော် သံဃာတော်များနှင့်အလှူရှင်မိသားစုများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မော်ကွန်းမင်္ဂလာကမ္ဗည်းစာအား အမွေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြသည်။ ထို့နောက် ဂန္ဓကုဋီတိုက်တန်ဆောင်းတော်တွင် ကိန်းဝပ်စံပယ်တော်မူသော အနန္တမုနိဆုတောင်းပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးခဲ့သည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း
Posted on Jun 7, 2025သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)
Posted on Jun 10, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)