ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / July 02, 2025


ပုသိမ် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ကျန်းမာရေးမှူး(၃) (ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့်အခမ်းအနားသည် ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ အရည်အသွေးပြည့်ဝသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လွှမ်းခြုံမှု မြင့်မားစေရေး အတွက်ဧရာဝတီတိုင်းဒေသကြီး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)များသည် ပြည်သူ့ကျန်းမာရေး ကဏ္ဍတိုးတက်မှုအတွက်အလွန်အရေးကြီးသော အခန်း ကဏ္ဍမှပါဝင်နေပါကြောင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုကိုအခြေခံပြီး ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ထိထိရောက်ရောက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့်ပြည်သူလူထုကို ရောဂါဘယကင်းရှင်းစေပြီး မျှော်မှန်းလူ့သက်တမ်းကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားတည်ငြိမ်ရေးအတွက် အလွန်အရေးပါသည့်အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းသည် ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းသည် ဟူသောနိယာမကို အခြေခံခြင်းဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် မွန်မြတ်သည့်လုပ်ငန်းဖြစ်သောကြောင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးမှူး(၃) (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ သင်တန်းကို ယနေ့မှစက်တင်ဘာလ(၃၀) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ(၄၁)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 3, 2025

အမည်မည်းစာရင်းကြေညာခြင်း

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

Posted on Jul 3, 2025

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံထောက်ပံ့လှူဒါန်းခဲ့သော အမျိုးသမီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း

Posted on Jul 3, 2025

သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံထောက်ပံ့လှူဒါန်းခဲ့သော အမျိုးသမီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်း