ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)သို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)သို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေး
Ayeyarwaddy Region Government/ ပုသိမ် / March 17, 2026
ပုသိမ် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့သို့ ရောက်ရှိ၍ ကညင်ရေလှောင်တမံစီမံကိန်းဖြင့် အင်္ဂပူမြို့နယ်မှ ကျေးရွာအုပ်စု (၂၂)အုပ်စု၊ မြန်အောင်မြို့နယ်မှ ကျေးရွာအုပ်စု(၁)အုပ်စုရှိ ၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်ဧက (၁၃၁၀၃)ဧကအား စိုက်ပျိုးရေပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ဧကများပြည့်မီရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)သို့သွားရောက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စက်မှုအထူးပြု ပေါင်းစပ်သိပ္ပံဘာသာရပ်နှင့် စိုက်ပျိုးရေးအထူးပြု သီးနှံထုတ်လုပ်ရေး(၃) ဘာသာတို့အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Posted on Mar 16, 2026အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Posted on Mar 16, 2026၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Posted on Mar 16, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
