ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လွှတ်တော်အသီးသီးမှကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လွှတ်တော်အသီးသီးမှကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ


Ayeyarwaddy Region Government/ ပုသိမ် / April 27, 2026


ပုသိမ် ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုအချိန်ကာလသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အသီးသီး ဖြစ်တည်လာပြီဖြစ်ပါကြောင်း၊ ထို့အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများလည်း ပြန်လည်ပေါ်ထွန်းလာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ခံရသည့် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်နှင့်အစိုးရ၊ အစိုးရနှင့် လွှတ်တော်တို့သည် အပြန်အလှန်ထိန်းကျောင်းရင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာဖြင့် တိုင်းဒေသကြီးအကျိုး၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ ဆောင်ရွက်သွားမည် ဆိုပါက (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးသည် မလွဲဧကန်အောင်မြင်မှု အသီးအပွင့် များကို ပြည်သူများ ခံစားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ လိုလားချက်၊ ပြည်သူ့ဆန္ဒများကို အတတ်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ရက်ပေါင်း(၁၀၀) အကောင်အထည်ဖော်မည့်အစီအမံများ၊ တိုင်းဒေသကြီးကဖော်ဆောင်မည့်ရက်(၁၀၀)အစီအမံများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေး ကောင်းရန် အဓိကကျပါကြောင်းနှင့် တစ်ဖက်ကလည်း နယ်မြေအေးချမ်းရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေအေးချမ်းတည်ငြိမ်မှ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ စီးပွားရေးကောင်းရန်ဆိုသည်မှာ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးမှလည်း ရည်မှန်းချက်တာဝန်များပေးထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စားသုံးဆီဖူလုံမှုရှိစေရေး မွေးမြူရေး ဇုံများသတ်မှတ်တိုးချဲ့၍ မွေးမြူရန်များလည်း ပါရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ထုတ်ကုန်ကဏ္ဍ MSME လုပ်ငန်းများကိုလည်း မိမိမြို့နယ်များတွင် နိုင်ငံခြားတင်ပို့နိုင်သည်အထိ ထုတ်ကုန်အမယ်သစ်များ ကြိုးစားထုတ်လုပ်နိုင်ရေး တိုက်တွန်းအားပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင်ပေါများသည့် ဝါးအခြေခံထုတ်ကုန်များ တီထွင်ဖန်တီးနိုင်ရေး အပါအဝင်ရနိုင်သမျှ အမယ်များများကို ဒေသကုန်ကြမ်းရနိုင်သည့်အပေါ် မူတည်ပြီး ထုတ်လုပ်သွားရန်လည်း တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီးပိုမိုဖွံ့ဖြိုးဝေစည်အောင် တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော် လက်တွဲညီညီ ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း” အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အထွေထွေဆွေးနွေးပြောကြားခဲ့ပြီး လွှတ်တော်အသီးသီးမှကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးကဏ္ဍများအား တင်ပြခဲ့ ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များက အပြန်အလှန် မိတ်ဆက်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Posted on Apr 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။