ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေအစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေအစည်းအဝေးသို့ တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / May 06, 2026
ပုသိမ် မေ ၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေ အစည်းအဝေးသို့ တက်ရောက်၍“ ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့်အညီ မောင်းနှင်ရန်လိုအပ်ပြီး သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တူညီဝတ်စုံများ သတ်မှတ်ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်တော်မည်ဖြစ်ပါကြောင်း၊ မီးပွိုင့်များကောင်းမွန်ရေးအတွက် စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်ရန်လိုပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနှင့်ပတ်သက်၍လည်း ပူးပေါင်းအဖွဲ့များက စဉ်ဆက်မပြတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူများကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများစနစ်တကျနှင့် သွားလာမောင်းနှင်ရပ်နားနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြုတင်ပြပေးကြရန် ” အမှာစကားပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်အခြေအနေများ၊ ယာဉ်ကြော ပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Posted on May 5, 2026ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026
