ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / May 14, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၁၂ ရက်က ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အိမ်အမှတ်(၅၄)တွင် တရားမဝင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အမှတ်(၆)မှုခင်းရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ရှေ့ခန်းတွင် ဘိုကလေးမြို့နယ်၊ ပေချောင်းကျေးရွာ နေကြသူများဖြစ်သည့် ဦးအေးစိုး(ခ)အငယ်လေး(၅၉)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်ဝေလှိုင်(ခ) မဇင်(၃၃)နှစ်တို့ နှစ်ဦးအား နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သ ဖြင့် အေးစိုး(ခ)အငယ်လေးနှင့် ဒေါ်ဇင်ဝေလှိုင်(ခ)မဇင်တို့ နှစ်ဦးအား ဘိုကလေးမြို့မရဲစခန်း (ပ)၃၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

     အလားတူ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “အောင်ပန်း” အရုပ်ဆိုင်၌ တရားမဝင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အမှတ်(၇)မှုခင်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်းရှိ ကောင်တာစားပွဲတွင် ဆိုင်ပိုင်ရှင် ဦးမြတ်လင်းအောင်(၄၃)နှစ်အား နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မြတ်လင်းအောင် အား ဘိုကလေးမြို့မရဲစခန်း (ပ)၃၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

     အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်လှလှဌေး(၄၈)နှစ်၏ဈေးဆိုင်၌ တရားမဝင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်လှလှဌေးအား ၎င်းဆိုင်အတွင်း နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်လှလှဌေးအား ဘိုကလေးမြို့မရဲစခန်း (ပ)၄၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

     ထို့အတူ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်နေ ဒေါ်နှင်းအိဝေ(၃၀)နှစ်၏နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြု လုပ်နေကြောင်း သတင်းအရ မော်လမြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်နှင်းအိဝေ အား နေအိမ်ဧည့်ခန်းတွင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နှင်းအိဝေ အား မော်လမြိုင်မြို့မရဲစခန်း (ပ)၅၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026
AnnouncementsExplore more >

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း