ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအားကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / June 02, 2026
ပုသိမ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုသို့ရောက်ရှိ၍ ကျေးရွာများ မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် Geotextile ကမ်းထိန်းတမံ အလျား (၂၁၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် သောင်တူးဖော်ခြင်းအလျား(၂၆၃၀)မီတာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီကိုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မြစ်ကမ်းထိန်းလုပ်ငန်းများနှင့် တာတမံများကြံ့ခိုင်ရေးလုပ်ငန်းများကိုလည်း အစဉ်အမြဲ စစ်ဆေးဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Jun 1, 2026အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Announcement on the Change of Official Website Address
Posted on Jun 2, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Jun 2, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း