၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်


Ministry of Information/ Naypyitaw / April 18, 2024
image_latest


နေပြည်တော် ဧပြီ ၁၇

၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေ မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ငါးပါးသီလခံယူဆောက်တည်

အခမ်းအနားတွင် နေပြည်တော်ပျဉ်းမနားမြို့ကိုးခန်းကြီးကျောင်းတိုက် ဦးစီးပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဝိနယဝိဒူဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ ဆရာဒါယကာ ကျောင်းများဖြစ်သော ပျဉ်းမနားမြို့မဟာဝိသုတာရာမတံခွန်တိုင် ကျောင်းတိုက်၊ ကိုးခန်းကြီးကျောင်းတိုက်တို့မှ ဆရာတော်/သံဃာ တော်များထံမှ ပရိတ်တရားနာယူခြင်း၊ ကမ္မဝါစာ တရားနာယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နဝကမ္မအလှူ ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနား ကို “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ကျင်းပရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယခုအခမ်းအနားကိုဘိုးဘွားများ နှစ်သစ်ကူးအခါသမယတွင် စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိ အဘိုး ၁၂၅ ဦးနှင့် အဘွား ၅၉ ဦး စုစုပေါင်း ၁၈၄ ဦးတို့အတွက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးနှင့် တာဝန်ရှိသူများက အလှူငွေများနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းကြရာကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက နှစ်သစ်ဆုတောင်း မေတ္တာစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၁၄ ရက် ၊သောကြာနေ့။


Posted on Feb 14, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Posted on Feb 13, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 12, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Feb 11, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Feb 11, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Posted on Feb 10, 2025
AnnouncementsExplore more >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Posted on Feb 14, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့်ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မွန်စာစစ်)

Posted on Feb 14, 2025

ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့်ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မွန်စာစစ်)

ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မကွေး စာစစ်)

Posted on Feb 14, 2025

ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မကွေး စာစစ်)

HOT NEWS
January 4,