၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / June 05, 2026


၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၅-၆-၂၀၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဖိတ်ကြားထားသည့် ဒုတိယသမ္မတ(၂)၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုအဆင့်ရုံး/ အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ရေဆင်း)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၉၆)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အဖွင့်မိန့်ခွန်းမြွက်ကြားခြင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆု၊ အမျိုးသားအဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ ကျေးရွာဆု၊ စက်ရုံ/ လုပ်ငန်းဆု ချီးမြှင့်ခြင်း၊ ဒုတိယသမ္မတ(၂) ဒေါ်နန်းနီနီအေး က အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်း (အထက်တန်းနှင့် အလယ်တန်းအဆင့်) ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီ က အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း (မူလတန်းအဆင့်) ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်/ ကောလိပ် အဆင့် ဆောင်းပါး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုပြသခြင်း၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုပြသခြင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုပြသခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြသထားသော အသိပညာပေးပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026