၂၀၂၆ ခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တစ်လျှောက်၌ ဆိုလာရေတင်စနစ် ကျင့်သုံးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ စားရိပ်သာဆိုင်ခန်း ငှားရမ်းရန် ဈေးပြိုင်တင်ဒါစနစ်ခေါ်ယူရန် ကြေညာခြင်း

၂၀၂၆ ခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တစ်လျှောက်၌ ဆိုလာရေတင်စနစ် ကျင့်သုံးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


Ministry of Information/ Naypyitaw / March 30, 2026
image_latest


မန္တလေး မတ် ၂၉

၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်တွင် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မန္တလေးမြို့ကျုံးပတ်လည်၌ ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ကျင်းပရာတွင် ကျုံးအရှေ့ဘက်အခြမ်းဖြစ်သည့် (၆၆) လမ်းတွင် မဏ္ဍပ်ကြီးငါးခု၊ အသေးလေးခု၊ အဓိကကျသည့် ကျုံးတောင်ဘက်အခြမ်းဖြစ်သည့် (၂၆) လမ်းတွင် ဗဟိုမဏ္ဍပ်ကြီးအပါအဝင် မဏ္ဍပ်အကြီးခြောက်ခု၊ မဏ္ဍပ်အသေး ၁၃ ခု၊ ကျုံးအနောက်ဘက်အခြမ်းတွင် ဈေးချိုသူမဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီးသုံးခု၊ မဏ္ဍပ်အသေးခုနစ်ခု၊ ကျုံးအနောက်ဘက်အခြမ်းတွင် မဏ္ဍပ်အကြီးသုံးခု၊ မဏ္ဍပ်အသေးလေးခုတို့ဖြင့် ကျုံးပတ်လည်တွင် မဏ္ဍပ်အကြီး ၁၇ ခု၊ မဏ္ဍပ်အသေး ၂၈ ခု စုစုပေါင်း ၄၅ ခု ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဌာနမှူး ဦးတင်ထွန်းဦးကပြောသည်။ 

“ ဒီမဏ္ဍပ်တွေအပြင် ၇၃ လမ်းမှာရှိတဲ့ မင်္ဂလာမန္တလေးလမ်းလျှောက်သင်္ကြန်ကိုလည်း ဆင်နွှဲကြမှာဖြစ်ပါတယ်။ အဲဒီမှာလည်း သနပ်ခါးမဏ္ဍပ်တွေ၊ ပန်းအလှမဏ္ဍပ်တွေစသဖြင့် နေရာအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ လမ်းလျှောက်သင်္ကြန်ကို ဆောင်ရွက်တာက ပြည်သူလူထုအနေနဲ့ ကျုံးပတ်လည်မှာ လမ်းလျှောက်ရေကစားရင်းနဲ့ မဏ္ဍပ်တွေအလိုက်ဖျော်ဖြေရေးတွေနဲ့ စတုဒိသာအစီအစဉ်တွေကို ပါဝင်ဆင်နွှဲနိုင်ဖို့ဖြစ်ပါတယ် ”ဟု ပြောသည်။ 

လက်ရှိတွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို တည်ဆောက်နေပြီး ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ မဏ္ဍပ်ဒီဇိုင်းများကို ယခင်နှစ်များနှင့်မတူ ထူးခြားစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ တည်ဆောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“မဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာကျင်းပမှာဖြစ်ပြီး ပိတ်ပွဲကို သင်္ကြန်အတက်နေ့ ညနေပိုင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲကိုလည်း ကျောင်းသူအင်အား ၅၀၀ နဲ့ လှပျိုဖြူ အင်အား ၄၀၀ စုစုပေါင်း အင်အား ၉၀၀ နဲ့ အခမ်းအနားကို ခမ်းနာထည်ဝါစွာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ယိမ်းအကအလှအဖွဲ့က မြို့မငွေငန်းနဲ့ ဖြတ်သန်းပြီး ပြည်သူတွေကို ဂါရဝပြုမယ့်အစီအစဉ်လည်းရှိပြီး နိုင်ငံကျော်အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှု၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့ရဲ့ ဖျော်ဖြေမှုတွေလည်းပါဝင်ပါတယ်။ ယိမ်းအကပြိုင်ပွဲတွေလည်း ထည့်သွင်းထားပြီး ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။ 

ယခုနှစ်တွင် ထူးခြားသည့် အစီအစဉ်အနေဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုသည့် တိုင်းရင်းသားရှစ်မျိုး၏မဏ္ဍပ်ကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအစားအစာ စတုဒိသာကျွေးမွေးသည့် အစီအစဉ်များလည်း ဆောင်ရွက်ထားသည့်အတွက် ရိုးရာအစားအစာများကို နှစ်သက်သည့်ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲရင်းဝင်ရောက်သုံးဆောင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ယခုနှစ် မန္တလေးသင်္ကြန်၌ ပြည်သူများရေလုံလောက်စွာ ပက်ဖျန်းကစားနိုင်မည့်အပြင် စွမ်းအင်ချွေတာနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် ဆိုလာစနစ်ဖြင့် မော်တာများမောင်းနှင်ကာ ရေတင်မည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် ကျုံးပတ်လည်တစ်လျှောက်တွင် မည်သည့်မော်တော်ယာဉ်မျှ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ လမ်းလျှောက်သင်္ကြန်အနေဖြင့်သာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခင်နှစ်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော်ကို မဆင်နွှဲခဲ့ရသဖြင့် ယခုနှစ်တွင် ပြုလုပ်မည့်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ခမ်းနားထည်ဝါစွာ စီစဉ်ဆောင်ရွက်ထားကြောင်း၊ အဓိကအားဖြင့် ကျုံးပတ်လည်တစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုကျင်းပ၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားခြင်းအပြင် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားရင်း စတုဒိသာမဏ္ဍပ်များ၌ တပျော်တပါးဝင်ရောက်ဆင်နွှဲနိုင်စေရန် စီစဉ်ဆောင်ရွက်ထားသည့် အတွက် မန္တလေးသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ သင်္ကြန်ချစ်သူပြည်သူများလာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ 

မင်းထက်အောင် (မန်းကိုယ်ပွား)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ စားရိပ်သာဆိုင်ခန်း ငှားရမ်းရန် ဈေးပြိုင်တင်ဒါစနစ်ခေါ်ယူရန် ကြေညာခြင်း


Ministry of Ethnic Affairs/ Naypyitaw / July 18, 2024
image_latest


စားရိပ်သာဆိုင်ခန်း ငှားရမ်းရန် ဈေးပြိုင်တင်ဒါစနစ်ခေါ်ယူရန် ကြေညာခြင်း

စားရိပ်သာဆိုင်ခန်း ငှားရမ်းရန် စည်းကမ်းချက်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

၂၀၂၄ - ၂၀၂၅ ၊ ဘဏ္ဍာရေးနှစ် 

ကားပါကင်စားရိပ်သာဆိုင်ခန်းငှားရမ်းခြင်း

အိတ်ဖွင့်တင်ဒါပေးသွင်းခြင်းပုံစံ


Download ရယူရန်