(၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့ပတ်တာဝေးစက်ဘီးစီးပြိုင်ပွဲကျင်းပ၊ ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

(၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့ပတ်တာဝေးစက်ဘီးစီးပြိုင်ပွဲကျင်းပ၊ ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 07, 2023


ဘားအံ - ဒီဇင်ဘာ (၇)

၂၀၂၃ ခုနှစ်၊ (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပတ်တာဝေးစက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့ အမျိုးသားအောင်ပွဲနေ့ နံနက် ၆ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပရာ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၊ စက်ဘီးစီးအားကစားဝါသနာရှင်များက ပြိုင်ဘီးစီးပြိုင်ပွဲတွင် ၁၁၅ ဦး၊ ရိုးရိုးဘီးစီးပြိုင်ပွဲတွင် ၃၂ ဦး စုစုပေါင်း ၁၄၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စက်ဘီးစီးအားကစားသမားများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး တာလွတ်စင်မြင့်ထက်တွင်နေရာယူကာ အမျိုးသား ၊ အမျိုးသမီး ပြိုင်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီး ရိုးရိုးဘီးစီးပြိုင်ပွဲတို့အား သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ သည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီးပြိုင်ဘီးစီးပြိုင်ပွဲအနေဖြင့် ဘားအံမြို့အားပတ်၍ ၄၁ ကီလိုမီတာ၊ မိုင်အားဖြင့် ၂၅ ဒဿမ ၅ မိုင်အကွာအဝေး၊ အမျိုးသား၊သမျိုးသမီး ရိုးရိုးဘီးစီးပြိုင်ပွဲအနေဖြင့် ဘားအံမြို့ အားပတ်၍ ၂၈ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၇ ဒဿမ ၅ မိုင် စက်ဘီးစီးယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

စက်ဘီးစီးပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဘားအံမြို့၊ သီရိကွင်းအတွင်း၌ (၁၀၃)ကြိမ်မြောက်အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘော်လီဘောအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ဘီးအားကစားဝါသနာရှင်များနှင့်အတူ အမျိုးသား၊ အမျိုးသမီး ပြိုင်ဘီးစီးပြိုင်ပွဲနှင့်ရိုးရိုးဘီးစီးပြိုင်ပွဲတို့တွင် သီရိကွင်းသို့ပြန်လည်ပန်းဝင်လာသော စက်ဘီးစီးအားကစား သမားများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ၎င်းတို့၏ဇနီးများက (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပတ်တာဝေးစက်ဘီးစီး ပြိုင်ပွဲ ပြိုင်ဘီးနှင့်ရိုးရိုးဘီးပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက အမျိုးသမီး(ရိုးရိုးဘီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က အမျိုးသား (ရိုးရိုးဘီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ပဥ္စမဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက အမျိုးသမီး(ပြိင်ဘီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ပဥ္စမဆုရရှိသူများကိုလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား(ပြိုင်ဘီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကို တစ်ဦးချင်းငွေသားဆုနှင့်ဆုဖလားများပေးအပ်ချီးမြှင့်ကာ အသက်အငယ်ဆုံးပြိုင်ပွဲဝင် စက်ဘီးအားကစားသမား(၃)ဦးအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ယနေ့ မြို့ပတ်တာဝေးစက်ဘီး စီးပြိုင်ပွဲတွင် ဆုပေါင်း(၉၀)ကျော် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိ ကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကြွေးကြော်သံ သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြကာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်သား သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာသော ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲ ဆုရလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Posted on May 11, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Posted on May 10, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025
AnnouncementsExplore more >

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Posted on May 9, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Posted on May 3, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

HOT NEWS
January 4,