(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ မသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံသို့ ရောက်ရှိ
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ မသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံသို့ ရောက်ရှိ
Ministry of Information/ Naypyitaw / January 16, 2026
ရန်ကုန် ဇန်နဝါရီ ၁၅
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက် မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့များတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများသည် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ ဖိတ်ကြားခံနှစ်ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (ပြည်ပရေးရာ) ဒေါက်တာတင်မောင်လှိုင် ဦးဆောင်သည့် အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများ၊ ဒိုင်လူကြီးများနှင့် မသန်စွမ်းအားကစားသမားများ စုစုပေါင်းအင်အား ၁၄၇ ဦးတို့ လိုက်ပါသွားခဲ့သည်။
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့တို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ရေကူး၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ ဘိုးလင်း၊ စစ်တုရင်၊ ဘောလုံး၊ ဂိုလ်းဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောနှင့် အလေးမ စသည့်အားကစားနည်း (၁၁) နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါအဖွဲ့သည် ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းတို့က လာရောက်ကြိုဆိုကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့များ တည်းခိုနေထိုင်ရေးအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် (NPC Official) များကို Kantary Hotel နှင့် Sima Thami Hotel တွင်လည်းကောင်း၊ ပြေးခုန်ပစ်၊ ရေကူး၊ သေနတ်ပစ်နှင့် ထိုင်လျက် ဘော်လီဘောအားကစားအဖွဲ့တို့အား Games Village Korat တွင်လည်းကောင်း၊ စစ်တုရင် (မျက်မမြင်) အားကစားအဖွဲ့အား The Imperial Hotel Korat တွင်လည်းကောင်း၊ ဂိုးလ်ဘော (မျက်မမြင်) နှင့် ခုနစ်ယောက်တစ်ဖက် ဘောလုံးအားကစားအဖွဲ့တို့အား Fortune Hotel Korat တွင်လည်းကောင်း၊ စားပွဲတင်တင်းနစ်အားကစားအဖွဲ့အား Louis Residence Hotel Korat တွင်လည်းကောင်း၊ အလေးမအားကစားအဖွဲ့အား Centre Point Hotel Terminal 21 Korat တွင်လည်းကောင်း၊ ဘိုးလင်းအားကစားအဖွဲ့အား ဘန်ကောက်မြို့ရှိ Graph Hotel တွင်လည်းကောင်း အသီးသီးနေရာချထားစီစဉ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
Myanmar National Human Rights Commission Press Statement
Posted on Jan 15, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Posted on Jan 15, 2026တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Jan 16, 2026တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
