(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံ-လှိုင်းဘွဲ ကတ္တရာလမ်းဖွင့်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံ-လှိုင်းဘွဲ ကတ္တရာလမ်းဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / February 08, 2025


ဘားအံ - ဖေဖော်ဝါရီ (၈)

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့မှ လှိုင်းဘွဲ့မြို့ကို တိုက်ရိုက် ဆက်သွယ်ထားသော အဓိကလမ်းမကြီးဖြစ်သည့် ဘားအံ-လှိုင်းဘွဲကတ္တရာလမ်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းတံ တားများအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်းသည် ဒေသအတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသနေတိုင်းရင်းသားပြည်သူများအားလုံး တည်ငြိမ်အေးချမ်းမှုကိုလိုလား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့်ရရှိလာသည့်အသီးအပွင့်များဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိလျင် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အတွက် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်ပအားကိုးဘေးပယောဂများ၏စကားကိုနားမထောင်ဘဲ မိမိဒေသဖွံ့ဖြိုးတိုး တက်ရေးကို အမြင်ကျယ်ကျယ်နှင့်ရှုမြင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေး သက်ဆိုင်ရာအစိုးရ၊ဌာန၊အဖွဲ့အစည်းများနှင့် အတူ လက်တွဲညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များ ကို ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံငယ်များလက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ဘားအံ-လှိုင်းဘွဲ ကတ္တရာလမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲပါဝင်အားဖြည့်ကူ ညီပေးကြသည် ဘင်ခရာ၊ပန်းပွားအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်လမ်းသည် ဘားအံမြို့မှ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်မြို့၊ ရွှေဂွန်း၊ မြိုင်ကြီးငူ၊ ကျုံထော်၊ မဲသဝေါ၊ ပရေကြေတို၊ လေးဝါး စသည့်အထင်ကရနေရာများသို့ သွားရောက်နိုင်ပြီး ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ ကရိတ်လမ်းမှတစ်ဆင့်နယ်စပ်ကုန်သွယ်မြို့ဖြစ်သော မြဝတီမြို့သို့သွားရောက်နိုင်ကာ ယခင်က ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ်တည်ရှိခဲ့ရာမှ အဆင့်ဆင့် အဆင့်မြင်တင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထိ မြေသားတာ ဘောင်ချဲ့ခြင်း၊ လမ်းဝဲ/ယာရေမြောင်းတူးခြင်း၊ (၂၄)ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း၊ (၃၆)ပေအကျယ်ကတ္တရာကွန် ကရစ်လမ်းချဲ့ခြင်း၊ RC တံတားများချဲ့ခြင်းနှင့် RC Box Culvert များတည်ဆောက်ခြင်းတို့ကို အဆင့်မြှင့်တင်ခဲ့ကာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း/သာမန်ရန်ပုံငွေကျပ် ၂၉၉၃ ဒဿမ ၅၀၇ သန်း ဖြင့် ၂၄ ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း ၈ ဒဿမ ၂ ကီလိုမီတာ၊ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း ၁၃၅ ဒဿမ ၆ မီတာနှင့် အခြားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများထပ်မံဆောင်ရွက်ပြီးစီးဖွင့်လှစ်ပေးခဲ့ပါသည်။

 

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း