(၈၁) နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

(၈၁) နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်


Ministry of Information/ Naypyitaw / March 26, 2026
image_latest


နေပြည်တော် မတ် ၂၆

(၈၁) နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “တိမ်ပင်လယ်ခရီးကြမ်း ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းက “တိမ်ပင်လယ်ခရီးကြမ်း" ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များဖြစ်ကြသည့် နက္ခတ်၊ ထူးခန့်ကျော်၊ နေနော်၊ မြယာ၊ အောင်ကျော်ထွန်း၊ စိုးသီဟ၊ နက်ရှိုင်းကို၊ နေလင်းရှိန်၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်နှင့်ဉာဏ၊ ဇာတ်လမ်း/ဇာတ်ညွှန်း လင်းထင်မောင်မောင်၊ တွဲဖက်ဒါရိုက်တာ လေးနိုင်မိုး၊ စီစဉ်ကြီးကြပ်သူ အောင်ကျော်ဦး၊ Production Team သူရကိုကို၊ Stunt Team မိုးစက်၊ ဂီတမှူး ဗညားရဲရင့်နှင့် ဒါရိုက်တာ အကယ်ဒမီ တင်အောင်စိုး(ပန်းမြို့တော်) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းက (၈၁)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူပြိုင်ပွဲများတွင် စစ်ချီသီချင်းပြိုင်ပွဲ၌ ပထမဆုရရှိသူ အောင်ဇော်ဦး(ရဲတီးဝိုင်း)၊ ဒုတိယဆုရရှိသူ မိုးမြင့်ဦး(လုပ်သား-ရူပ)၊ တတိယဆုရရှိသူ ခန့်ငြား(ကေတုမတီ)၊ စတုတ္ထဆုရရှိသူ ဇော်မျိုးထွန်း(အုပ်ခွဲတပ်ကြပ်ကြီး)၊ ပဉ္စမဆုရရှိသူ ဗိုလ်ထိန်(မီးသတ်)၊ စစ်သည်တေးသီချင်းပြိုင်ပွဲ၌ ပထဆုရရှိသူ

စုစုဇော်(သီရိခေတ္တရာ)၊ ဒုတိယဆုရရှိသူ ခင်ငြိမ်းချမ်းစိုး (သဇင် FM)၊ တတိယဆုရရှိသူ ကျော်ဆွေအောင်၊ စတုတ္ထဆုရရှိသူ ကေသီအောင်၊ ပဉ္စမဆုရရှိသူ လှိုင်ဝင်းထွန်း၊ ကဗျာ(ဝါသနာရှင်) ပြိုင်ပွဲ၌ ပထမဆုရရှိသူ ထွန်းထွန်း(လားရှိုး)၊ ဒုတိယဆုရရှိသူ မြတ်မင်းသန့်၊ တတိယဆုရရှိသူ ရဲကျော်၊ စတုတ္ထ ဆုရရှိသူ ကြေးမုံဖြိုးသန့်(ရွှေရတု)၊ ပဉ္စမဆုရရှိသူ ထာဝရမွန်(ဂုဏ်ထူးတန်း) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း။

တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က (၈၁)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူပြိုင်ပွဲတွင် ကဗျာ(အလွတ်တန်း)၌ ပထမဆုရရှိသူ ရဲမင်းစိုး၊ ဒုတိယဆုရရှိသူ မြတ်ထွဏ်းနောင်၊ တတိယဆုရရှိသူ မျိုးစစ်သည်၊ စတုတ္ထဆုရရှိသူ ဘုန်းမောင်ဝင်း(ဖျာပုံ)၊ ဝတ္ထုတို(ဝါသနာရှင်)၌ ပထမဆုရရှိသူ မနောဖြူ၊ ဒုတိယဆုရရှိသူ မနောသစ်(ပခုက္ကူ)၊ တတိယဆုရရှိသူ ရဲမွန်ကျော်၊ စတုတ္ထဆုရရှိသူ မောင်အေးချမ်း(ဓနုဖြူ)၊ ပဉ္စမဆုရရှိသူ ကိုစော(ပထဝီဝင်)၊ ဝတ္ထုတို(အလွတ်တန်း)၌ ပထမဆုရရှိသူ ကျော်တေဇ (ဥက္ကလာ) ဒုတိယဆုရရှိသူ မုန်းမောင်မောင်၊ တတိယဆုရရှိသူ နွေးထက်လှိုင်၊ စတုတ္ထဆုရရှိသူ မင်းလပြည့်(ဟားခါး)၊ ပဉ္စမဆုရရှိသူ မောင်မောင်လွင်(ရွှေဘိုသား)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း။

စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်က (၈၁) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူပြိုင်ပွဲတွင် ဝတ္ထုရှည်(ဝါသနာရှင်)၌ ပထမဆုရရှိသူ အမောင်၊ ဒုတိယဆုရရှိသူ ရှားမိန်း၊ တတိယဆုရရှိသူ ကျော်စိုး(ဒိုက်ဦး)၊ စတုတ္ထဆုရရှိသူ ဟန်ညွန့်(ယဉ်ကျေးမှု)၊ ပဉ္စမဆုရရှိသူ တင်ဦး(ရန်ကင်း)၊ ဝတ္ထုရှည်(အလွတ်တန်း)၌ ပထမဆုရရှိသူ ပိုင်ဇင်ဇော်(သတ္တု)၊ ဒုတိယဆုရရှိသူ ခန့်ပိုင်၊ တတိယဆုရရှိသူ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စတုတ္ထဆုရရှိသူ မောင်စူးရှ(အနောက်ရိုးမ)၊ ပဉ္စမဆုရရှိသူ ရဲခေါင်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Mar 26, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 25, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 22, 2026
AnnouncementsExplore more >

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Posted on Mar 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။

၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

Posted on Mar 26, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့်အဓိက Parameter (၆)မျိုးကို (၂၄)နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။