KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့အနီး၌ တရားမဝင် ပြည်ပနိုင်ငံသား ၂၃၂ ဦး ထပ်မံဖမ်းဆီးရမိ

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့အနီး၌ တရားမဝင် ပြည်ပနိုင်ငံသား ၂၃၂ ဦး ထပ်မံဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 09, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၃၄၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် မြဝတီ - မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော နှစ်ထပ်အဆောက်အအုံ ခြောက်လုံး၊ သုံးထပ်အဆောက်အအုံ တစ်လုံး၊ လေးထပ်အဆောက်အအုံတစ်လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ရှစ်လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၉၃ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေ အတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၃၄၁ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ် ကြောင်း သိရှိရသည်။

အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများအား အင်တိုက်အားတိုက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးရှာဖွေ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့ရှိ လုံခြုံရေးပူးပေါင်း အဖွဲ့များက သတင်းအရ မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊ မြဝတီမြို့အဝင်/ အထွက်လမ်းကြောင်းနေရာများနှင့် လမ်းဆုံလမ်းခွ နေရာများတွင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ဖလူး - လေးကေ့ကော် - မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီး လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့ မောင်းနှင်လာသော ၁၀ ဘီးယာဉ် လေးစီးပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၃၂ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မြဝတီမြို့ အမှတ် (၃) ရပ်ကွက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုနေထိုင်လုပ်ကိုင်ခဲ့ကြသည့် သုံးထပ်အဆောက်အအုံ ငါးလုံး၊ တစ်ထပ်အဆောက်အအုံ သုံးလုံး၊ စုစုပေါင်း ရှစ်လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ဖြိုချ ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း သုံးထပ်အဆောက်အအုံ နှစ်လုံး၊ တစ်ထပ်အဆောက်အအုံတစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့ သဖြင့် အဆောက်အအုံအားလုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အင်ဒို နီးရှားနိုင်ငံသား ၅၆ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ခုနစ်ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား လေးဦး၊ ဂါနာနိုင်ငံသား လေးဦး၊ ကာဂျစ္စတန်နိုင်ငံသား တစ်ဦး  စုစုပေါင်း ၇၂ ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ထပ်မံလွှဲပြောင်းပေးအပ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026
AnnouncementsExplore more >

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Mar 3, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

Posted on Mar 2, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

HOT NEWS
January 4,