Online လောင်းကစားလုပ်ကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

Online လောင်းကစားလုပ်ကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ


Ministry of Information/ Naypyitaw / October 23, 2025
image_latest


နေပြည်တော် အောက်တိုဘာလ ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အချို့သောဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များသည် Online အခြေပြုလောင်းကစား Website များ တည်ထောင်၍ လူမှုကွန်ရက်များပေါ်တွင် ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၁၈၈) ရှိ Secret Villa Private Resort ၌ Ibet 789 Online ဘောလုံးလောင်းကစား Website လုပ်ငန်းလုပ်ကိုင်နေသူများရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင်နှင့် မာရီယာ (ခ) မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင်တို့အပါအဝင် တရားခံ ၁၄ ဦးနှင့် လက်ကိုင်ဖုန်း ၂၃ လုံး၊ မော်တော်ယာဉ် ၃ စီး တို့အားလည်းကောင်း၊ အောက်တိုဘာလ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်း၊ အမှတ်(၉၉)ရှိ The Lord စားသောက်ဆိုင်အနီး၌ Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ(ခ)ရောင်နီ အပါအဝင် တရားခံ ၃ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၅ လုံး၊ မော်တော်ယာဉ် ၃ စီးတို့အားလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁)၊ ခေမာလမ်း၊ အမှတ် (၆၇၆) ရှိနေအိမ်၌ Ibet 789 Online လောင်းကစားလုပ်ငန်းလုပ်ကိုင်ရန် စည်းရုံးသိမ်းသွင်းခဲ့သည့် Super Senior Agent ဖြစ်သူ ဇင်မင်းအောင် (ခ) ဇင်ကြီးအပါအဝင် တရားခံ ၃ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၇ လုံး၊ လက်တော့ပ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄၀ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ Focus ဟိုတယ်၌ Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခ) မင်းထက်၊ Agent ဖြစ်သူ မေမြတ်နိုးတို့နှင့်အတူ လက်ကိုင်ဖုန်း ၅ လုံး၊ လက်တော့ပ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့အားလည်းကောင်း၊ အောက်တိုဘာလ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁၂)ရပ်ကွက်၊ Eleven Minimart ရှေ့၌ ခင်မောင်ဖြိုး(ခ)ဇော်ဝင်းအပါအဝင် တရားခံ ၅ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၉ လုံး၊ Tablet ၂ လုံးတို့အားလည်းကောင်း ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် Ibet 789 Online ဘောလုံးလောင်းကစား Website ၊ 555 Mix ဘောလုံးလောင်းကစား Website ၊ Moung 556 ဘောလုံးလောင်းကစား Website ၊ Batman 688 688 Slot လောင်းကစား Website၊ ရှမ်း ၂၃၄ ဖဲ လောင်းကစား Websiteနှင့် 2D/3D လောင်းကစား Website စသည့် လောင်းကစားလုပ်ငန်းတို့တွင် ကော်မရှင်စား Agent များအဖြစ် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားရကြောင်း၊ Agent အဖြစ် လုပ်ကိုင်ခွင့်ရရှိပါက User များရရှိရန်အတွက် ၎င်းတို့၏ သက်ဆိုင်ရာလောင်းကစား Website များ၏ Facebook Group နှင့် Telegram Group တို့တွင် Viber ဖုန်းနံပါတ်များပါရှိသည့် သက်ဆိုင်ရာ လောင်းကစားကြော်ငြာပုံ များအား ကြော်ငြာပေးရကြောင်း၊ ၎င်းနောက် User များမှ Viber သို့ဆက်သွယ်လာသည့် အချိန်တွင် Agent များမှ လောင်းကစား Website များတွင် ဝင်ရောက်ဆော့ကစားနိုင်ရန် အကောင့်ဖွင့်လှစ် ပေးကြောင်း၊ Agent လုပ်ကိုင်နေစဉ် User များပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင်စား Agent များနှင့် User များပိုမိုရှာဖွေနိုင်ပါက Super Senior Agent အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း စိစစ်သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်များအရ Super Senior Agent များဖြစ်သူ ဇင်မင်းအောင် (ခ)ဇင်ကြီး၊ ဖြိုးမင်းသူ (ခ) ရောင်နီ၊ ပြည့်ဖြိုးအောင် (ခ) မင်းထက်၊ ယဉ်မင်းလှိုင်၊ မာရီယာနှင့် ခင်မောင်ဖြိုး (ခ) ဇော်ဝင်းတို့ ၆ ဦးမှ ချိတ်ဆက်ထားသည့် လောင်းကစား Website ရှိ Distributor Agent များထံမှ လောင်းကစားမှုပြုလုပ်နိုင်သည့် ယူနစ်များအား ဝယ်ယူပြီး Senior Agent များဖြစ်သူ ဝင်းပပအောင်နှင့် သက်ဖြိုးနိုင်တို့ ၂ ဦးအပါအဝင် Senior Agent များအား ညှိနှိုင်းဈေးနှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း၊ ထို့နောက် Senior Agent များမှ Master Agent များ၊ Agent များဖြစ်သူ သူရအောင်၊ သိန်းထိုက်အေး၊ မေမြတ်နိုး၊ အောင်မင်းခန့်၊ သိန်းထိုက်စံ၊ ကောင်းမြတ်သူ၊ ထက်ထက်နိုင်၊ ချမ်းမို့မို့ဖြိုး၊ ရတနာတိုးဝေနှင့် သဉ္ဇာငြိမ်းတို့ ၁၀ ဦးအပါအဝင် Agent များနှင့် လောင်းကစားမှုပြုလုပ်သည့် User များထံသို့ အဆင့်ဆင့်ငွေကြေးအမြတ်ယူ၍ ပြန်လည်ရောင်းချကြောင်း၊ ငွေလွှဲ/ ငွေထုတ်ပြုလုပ်ခြင်းများအား မိုးဟိဏ်းထွန်း၊ ဇော်ထိုက်အောင်၊ ဟိန်းဇော်ဦး၊ စုပုံချစ်နှင့် မေသဇင်ထွန်း၊ အေးချမ်းအောင်၊ လျှံဖုန်းပိုင်၊ ဟိန်းသီဟ (ခ) ဂျိုကာနှင့် အောင်ချမ်းမင်းတို့ ၉ ဦးအပါအဝင် ငွေလွှဲ/ ငွေထုတ်ပြုလုပ်သူများမှ KBZ Special Account ၊ KBZ Bank Account ၊ AYA Bank Account ၊ YOMA Bank Account ၊ CB Bank Account ၊ UAB Bank Account ၊ ABank Account ၊ AYA Pay Account ၊ Kpay Account နှင့် Wavepay Account များ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း စိစစ်သိရှိရသည်။

ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးစုစုပေါင်း ၂၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်တော့ပ် ၂ လုံး၊ Tablet ၂ လုံး၊ မော်တော်ယာဉ် ၈ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ထိရောက်စွာ အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ထိုကဲ့သို့ Online လောင်းကစားလုပ်ငန်း ပြုလုပ်နေသူများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Posted on Oct 24, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 23, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 21, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 21, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,