ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အများသိစေရန်ကြေညာချက်


Yangon City Development Committee/ location / January 18, 2021


အများသိစေရန်ကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှု အရပ်ကတိ စာချုပ်များဖြင့် လျှောက်ထားသည့် ဆောက်လုပ်ခွင့်အမှုတွဲများ (Low Without D-Map) နှင့်ပတ်သက်၍ အောက်ပါအတိုင်းသာ စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

        (က)  ဂရန်မြေနှင့် ပါမစ်မြေများဖြစ်ပါက မျက်နှာဖွင့် ၃၀-၀ အောက်အကျယ်ရှိသော မြေကွက်များတွင် အမြင့် ၃၀-၀ ထက်မပိုသော (၃) ထပ်ထိ ဆောက်လုပ်ခွင့်များ

         (ခ)  မိသားစုတစ်စုသာအသုံးပြုမည့် (ကန်ထရိုက်တိုက်ပုံစံ၊ စီးပွားရေးသုံး အဆောက်အအုံ မဟုတ်သည့်) ဆောက်လုပ်ခွင့်များ

၂။     ဂရန်မြေ၊ ပါမစ်မြေများကို ဝယ်ယူ၍ ဆောက်လုပ်ခွင့်လျှောက်ထားမှုများကို (၁-၂-၂၀၂၁) ရက်နေ့နောက်ပိုင်းတွင် Low Risk With D-Map ဖြင့်သာ ဆောက်လုပ်ခွင့်တင်ပြရန်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။