ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများ လုပ်ငန်းတာဝန်ခံအဖွဲ့ ကွပ်ကဲမှုအောက်ရှိ တင်ဒါခေါ်ယူထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများ လုပ်ငန်းတာဝန်ခံအဖွဲ့ ကွပ်ကဲမှုအောက်ရှိ တင်ဒါခေါ်ယူထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း
Yangon City Development Committee/ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / May 14, 2020
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများ လုပ်ငန်းတာဝန်ခံအဖွဲ့ ကွပ်ကဲမှုအောက်ရှိ တင်ဒါခေါ်ယူထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အောက်ဖော်ပြပါအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည် -
(က) | ဈေးများ Market Operator စနစ်ဖြင့် ဆောင်ရွက်ရန်အတွက် ၁၀-၃-၂၀၂၀ မှ ၂၁-၄-၂၀၂၀ ရက်နေ့ထိ ပထမအဆင့် စိတ်ပါဝင်စားမှုဖော်ပြလွှာ (EOI) ခေါ်ယူခဲ့ပြီး လျှောက်လွှာများ နောက်ဆုံးတင်သွင်းရမည့်ရက်ကို ၃၁-၅-၂၀၂၀ ရက်နေ့ထိ ပြင်ဆင်သတ်မှတ်ပါသည်။ |
(ခ) | ဈေးများ Market Operator စနစ်ဖြင့် ဆောင်ရွက်ရန် တင်သွင်းလာသည့် EOI လျှောက်လွှာများနှင့် ၁၀-၃-၂၀၂၀ မှ ၈-၄-၂၀၂၀ ရက်နေ့အတွင်း တင်ဒါခေါ်ယူခဲ့သည့် ဈေး(၁၃)ဈေး၏ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်း လုပ်ငန်း တင်ဒါလျှောက်လွှာများ ဖွင့်ဖောက်မည့်ရက်ကို ထပ်မံအသိပေး အကြောင်းကြားပေးမည်ဖြစ်ပါသည်။ |
၂။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ တယ်လီဖုန်းအမှတ်- ၃၇၆၇ဝ၈ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ