Latest News

အမျိုးသမီးဂုဏ်ရည်ကိုမြှင့်တင်၍ နိုင်ငံ့ဂုဏ်ရည်မြင့်မားအောင်ကြိုးပမ်း

Ministry of Information / Posted on July 03, 2025

၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့သည် “မြန်မာအမျိုးသမီးများနေ့”ဖြစ်သည်။ အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးများ၏ ဂုဏ်အင်ကို အသိအမှတ်ပြုသောအားဖြင့် ဤနေ့ဤရက်များတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုများ၊ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်များနှင့် မြန်မာအမျိုးသမီးတို့၏ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ယဉ်ကျေးမှုဟန်ပန်များမှာ အခြားနိုင်ငံများနှင့်မတူ တစ်မူထူးကဲသည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် မြန်မာအမျိုးသမီးတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်များမှာ အဆင့်အတန်းမြင့်မား ချီးမွမ်းဖွယ်မကုန်ပြည့်စုံပါသည်။

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး တာဝန်သိသိ ပူးပေါင်းပါဝင်ဆောင်ရွက်

Ministry of Information / Posted on July 03, 2025

လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် ပလတ်စတစ်သည် အန္တရာယ်ရှိသော ပစ္စည်းဖြစ်သည်ကို မိမိတို့ယေဘုယျအားဖြင့် သိရှိကြသည်။ သို့ရာတွင် အလေးအနက်ဂရုပြုမိခြင်း မရှိသလို ပလတ်စတစ်သုံးစွဲမှုထိန်းချုပ်ရေးအတွက် တတ်နိုင်သည့်ဘက်က တစ်စုံတစ်ရာပြုလုပ်ရန်လည်း အားထုတ်မိခြင်းမရှိ။ သေချာသည်မှာ မည်သည့်အချိန်အခါမဆို မိမိ၏ပတ်ဝန်းကျင်၌ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းတစ်ခုခုရှိနေပြီး လူတိုင်း နေ့စဉ်ပလတ်စတစ်ပစ္စည်းတစ်ခုခုကို သုံးစွဲဖြစ်နေခြင်းဖြစ်သည်။

လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အချုပ်တရားခံအား ခေါ်ဆောင်သွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အချုပ်တရားခံအား လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိ

Ministry of Information / Posted on July 02, 2025

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင်(၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သပြေအထူးကုဆေးခန်းသို့ ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Center သို့ ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်းသို့လိုက်ပါပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည်များထိမှန်၍ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင်အား ခေါ်ဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း


Ministry of Information/ Naypyitaw / July 02, 2025
image


၁။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ် (၄၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၆-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့် နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023