ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Latest News
Ministry of Information / Posted on March 26, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on March 26, 2026
အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အောက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -
Ministry of Information / Posted on March 26, 2026
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information/ Naypyitaw / March 26, 2026
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။
၂။ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်သတိပေးချက်မရရှိနိုင်ဘဲ ရုတ်တရက်ဖြစ်ပွားတတ်သဖြင့် ပျက်စီးဆုံးရှုံးမှုများပြားစေသော ဘေးအန္တရာယ်တစ်ခုဖြစ်ပါသည်။ ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ရခြင်းသည် ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက်ကျိုးပြတ်ရွေ့လျားမှုကြောင့် မြေသားများပြင်းပြင်းထန်ထန် တုန်ခါနေခြင်းကြောင့် ဖြစ်ပါသည်။ ငလျင်လှုပ်ခတ်မှုသည် ငလျင်စတင်ဖြစ်ပေါ်သည့် ဗဟိုချက်၏ အတိမ်/အနက်၊ မြို့ပြနှင့် ကျေးလက်၊ လူဦးရေအစိပ်အကျဲတို့အပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုလည်း မတူညီနိုင်ပါ။ များသောအားဖြင့် ငလျင်လှုပ်ခြင်းကြောင့် လူ့အသက်သေဆုံးမှု မဖြစ်စေသော်လည်း အဆောက်အအုံများ ပြိုကျမှုနှင့် ခိုင်မာစွာတွယ်ဆက်ထားခြင်းမရှိသည့် ပစ္စည်းများပြုတ်ကျမှုများကြောင့် လူ့အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဖြစ်ပေါ်စေခဲ့ပါ သည်။၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦး နှင့် ဒဏ်ရာရရှိသူ ၅၁၀၄ ဦး ရှိခဲ့ပါသည်။
၃။ ငလျင်လှုပ်ခတ်မှုများကြောင့် ထိခိုက်မှုများ လျော့နည်းစေရန်အတွက် အသိပညာပေးခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၄။ ပြည်သူများအနေဖြင့်လည်း ငလျင်ဘေးအတွက် အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် အသိ ပေး နှိုးဆော်အပ်ပါသည်-
(က) မိမိနေထိုင်ရာနေရာသည် မည်သည့်ငလျင်ဇုန်တွင် ကျရောက်သည် မည်ကဲ့သို့ ပြင်ဆင်ထားသင့်သည်ကို လေ့လာထားပါ။
(ခ) ဘေးကင်းလုံခြုံသောနေရာ၊ လမ်းကြောင်းများကို သတ်မှတ်ထားပါ။ ငလျင်လှုပ်နေချိန်တွင် ပြုမူနေထိုင် ရမည့်နည်းလမ်းများကို မိသားစုဝင်များအား အသိပေးလေ့ကျင့်ထားပါ။
(ဂ) ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင် ပြုလုပ်ထားပါ။
(ဃ) မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။
(င) မိမိအိမ်၏ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ကြိုတင်ပြင်ဆင်ထားပါ။
၆။ ငလျင်လှုပ်နေစဉ်တွင် အောက်ပါတို့ကို သတိပြုလိုက်နာကြရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) ကြောက်ရွံ့ထိတ်လန့်မှုမရှိပါနှင့်။ သတိရှိပါ။ တည်ငြိမ်မှုရှိပါ။
(ခ) (၅)စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မရောက်နိုင်ပါက ဘေးကင်းသော နေရာများတွင် (ဝပ်၊ ကာ၊ ကိုင်) ပုံစံဖြင့်နေပါ။
(ဂ) လယ်ကွင်း၊ ကွင်းပြင် (သို့) ဘေးကင်းရာ (မြင့်မားသော အဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်များ၊ သစ်ပင်များ၊ ပြိုကျနိုင်သောအရာများနှင့် ဝေးရာ) သို့ပြေးပါ။
(ဃ) ငလျင်ကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကမ်းခြေ (သို့) မြစ်ကမ်းစပ်အနီးတွင် ရောက်ရှိနေပါက ကုန်းမြေမြင့်သို့ ရွှေ့ပြောင်းပါ။
(င) မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ။ မီးခလုတ်များကို ပိတ်ပါ။
(စ) ဆိုင်ကယ်၊ ကားစသည်တို့ မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။
၇။ ငလျင်လှုပ်နေစဉ်တွင် အောက်ပါတို့ကို ရှောင်ရှားရန် လိုအပ်ပါသည်-
(က) အဆောက်အအုံထဲသို့ ပြေးမဝင်ပါနှင့်။
(ခ) ဓာတ်လှေကားများ အသုံးမပြုပါနှင့်။
(ဂ) အထပ်မြင့်တိုက်များမှ ခုန်ထွက်ခြင်းမပြုပါနှင့်။
၈။ ငလျင်လှုပ်ပြီးနောက် အောက်ပါတို့ကို သတိပြုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) မိမိ၏ မိသားစုဝင်များကို စစ်ဆေးပါ။ မိသားစုဝင်များပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
(ခ) ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီး လိုအပ်သော အကူအညီများပေးပါ။
(ဂ) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသောသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။
(ဃ) မိမိအိမ်နှင့် ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများ ပျက်စီးမှုများအားလုံးကို ပြန်လည်စစ်ဆေးပါ။
(င) အင်အားကြီးမားသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျင်များ လှုပ်တတ်ကြောင်း သတိပြုပါ။
(စ) နောက်ဆက်တွဲဘေးအန္တရာယ် (မီးဘေး၊ ဆူနာမီ၊ ရေကြီးခြင်း၊ မြေပြိုခြင်း)များကို အထူးသတိပြုပါ။
၉။ ငလျင်လှုပ်ပြီးနောက် အောက်ပါတို့ကို သတိပြုရှောင်ရှားသင့်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
(က) အဆောက်အအုံ၏ ခိုင်ခံ့မှုကို စစ်ဆေးခြင်းမပြုဘဲ မဝင်ရ။
(ခ) မြစ်ကမ်းပါး၊ တောင်စောင်းများသို့ မသွားပါနှင့်။ မြေပြိုနိုင်ပါသည်။
(ဂ) ဆည်၊ ရေလှောင်ကန်များအနီးတွင် မနေပါနှင့်။ ဆည်ကျိုးပေါက်နိုင်ပြီး ရေကြီးနိုင်သည်။
(ဃ) တာဝါတိုင်များ၊ မျှော်စင်များ၊ အထပ်မြင့်အဆောက်အအုံများ ပြိုကျနိုင်သဖြင့် အနီးသို့မသွားပါနှင့်။
၁၀။ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
