စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
Latest News
Ministry of Information / Posted on January 15, 2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) ၌ သုံးရက်တာ ကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့်အမြင်သဘော ထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်သည်။
Ministry of Information / Posted on January 15, 2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / January 15, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
နေပြည်တော်
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၆-၁၁-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)၊ အငယ်တန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)၊ ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် စာရင်းကိုင်-၄ ရာထူးနေရာများအတွက် အရည်အချင်း စစ်ရေးဖြေစာမေးပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည် ဖြစ်ပါသည်-
(က) စာမေးပွဲဖြေဆိုရမည့်ရက် - ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်(စနေနေ့)
( ခ ) ရေးဖြေစစ်ဆေးခြင်း - နံနက်(၈:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ
မြန်မာစာ + အင်္ဂလိပ်စာ + အထွေထွေဗဟုသုတ
( ဂ ) လူတွေ့စစ်ဆေးခြင်း - နေ့လည်(၁၂:၃၀)နာရီ
၂။ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို ၂၂-၁-၂၀၂၆ ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနတည်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်း ခံယူရန်အတွက် လျှောက်လွှာတင်သွင်းထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး များတွင် ဆက်သွယ်စုံစမ်းရန်ဖြစ်ပါသည်။
၃။ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ နံနက် (၈:၀၀)နာရီ အရောက် ဖြေဆိုရမည့်စာစစ်ဌာနများသို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ ဖြေဆိုခွင့် ကဒ်ပြားနှင့်အတူလာရောက်သတင်းပို့ရန်နှင့် စာမေးပွဲခန်းမအတွင်းသို့အချိန်နောက်ကျရောက်ရှိ လာသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
