ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Latest News

Ministry of Information / Posted on June 26, 2025
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေးသုံးသပ်ဆွေးနွေးပွဲ (Peace Forum 2025) ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှစတင်၍ သုံးရက်တာကျင်းပလျက်ရှိသည်။ အဆိုပါသုံးသပ်ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ သံရုံးများမှတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လေ့လာသုံးသပ်သူများ ပါဝင်တက်ရောက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်-

Ministry of Information / Posted on June 26, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် သာသနာ့အလင်းရောင် လှေခွင်းတောင်တော် ကိုးမုခ်ပြန်ပတ္တမြားကပ် ကျော်စေတီတော်နှင့် ရင်ပြင်တော်မြေထိန်းနံရံ နိမ့်ကျပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on June 26, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။
ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Ministry of Transport and Communications/ Naypyitaw / June 25, 2025
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ ဗီဒီယိုဖိုင်များအား ပြိုင်ပွဲဝင် လျှောက်လွှာများနှင့်အတူ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဆိုင်ရာအချက်အလက်များကို အောက်တွင် Download ရယူနိုင်ပါသည်-
၂။ ယခုပြိုင်ပွဲအား ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ တိုးတက်လာစေရန်၊ ကျောင်းသားများအနေဖြင့် လက်ရှိဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာစေရေး တွန်းအားပေးရန်၊ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်နိုင်စေရန်နှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံ၊ Cyber Security Brunei က Online မှတစ်ဆင့် တာဝန်ယူ ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2025) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
၃။ ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပထမဆု - ငွေကျပ် (၁၅) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ခ) ဒုတိယဆု - ငွေကျပ် (၁၀) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ဂ) တတိယဆု - ငွေကျပ် (၇) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ဃ) နှစ်သိမ့်ဆု - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(င) နှစ်သိမ့်ဆု - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
၄။ ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Awareness Video Competition (2025) သို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
၅။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဗီဒီယိုဖိုင်များအား competitions@ncsc.gov.mm အီးမေးလ်သို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ ၁၆း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉-၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Download