တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Latest News
Ministry of Information / Posted on November 09, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင်ကျင်းပရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်သည်။
Ministry of Information / Posted on November 09, 2025
ကျွန်တော်တို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီဟာ (၆.၁၁.၂၀၁၂) ခုနှစ်မှာ တောင်သူလယ်သမားကြီး (၂၁) ဦးနဲ့ စတင်ထူထောင်လာခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းထူထောင်စဉ်က နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ပါတီတစ်ခုရဲ့ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်လို့ ထူထောင်ခဲ့ခြင်း မဟုတ်ပါဘူး။ ရင်ထဲမှာဒို့တောင်သူလယ်သမားတွေရဲ့ ဘဝအမှန်ကို တိုင်းသိ ပြည်သိ ကမ္ဘာသိအောင် လွှတ်တော်ထဲ အရောက်သွားပြီး တင်ပြနိုင်ဖို့နဲ့ ပြောပိုင်ခွင့်သာရှိတဲ့ တောင်သူလယ် သမားဘဝကနေလုပ်ပိုင်ခွင့်ရှိတဲ့ တောင်သူလယ်သမားတွေရဲ့ ပါတီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
Ministry of Information / Posted on November 09, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီတိုင်းဒေသကြီး/ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း သတင်းမှန် (၄၉)ကြိမ်ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ ၁၁၉ မှု၊ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၆၄၇၇ ဒသမ ၁၂၀ နှင့် တရားမဝင်ကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့ မော်တော်ဆိုင် ကယ်များ ဖမ်းဆီးရမိခဲ့သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Downloadတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / November 08, 2025
၂၀၂၅ ခုနှစ် နိုဝင်ဘာ လ ၈ ရက်
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်မည်ဖြစ်ပါသည်။ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂- ၂၀၂၅ ရက်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၇–၁၁–၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၃၀ နာရီ အတွင်း မိမိတို့ ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
