Latest News

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ရန်ကုန်တိုင်းဒေသကြီးအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

Ministry of Natural Resources & Environmental Conservation / Posted on April 19, 2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ၁၉-၄-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ပျိုးဥယျာဉ် သို့ သွားရောက်စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနိုင်ရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည် စေရန်အတွက် လူထုဖြန့် ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေးနှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲကျင်းပနိုင်ရေးအတွက် မြေနေရာ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အမြင့်(၃)ပေနှင့် အထက်ပျိုးပင်များကို စုဆောင်းထားရှိရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရာသီဥတု ပြောင်းလဲမှုများလျော့ချရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဖြစ်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် မှာကြားပြီး ပျိုးဥယျာဥ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၏ (၁၈) ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်

Ministry of Information / Posted on April 19, 2026

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၈) ကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ပြုလုပ်ရာအခမ်းအနားသို့ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာဝဏ္ဏသီရိ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on April 19, 2026

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်း


Ministry of Labour/ ရုံးအမှတ် (၅၁) / October 03, 2024


၁။ ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင် အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည် အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit-PV)ကိုသာ လျှောက်ထားရယူ ထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများ ရယူကာ လေကြောင်းခရီးဖြင့် ပြည်ပ ထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ် သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာ ခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျ စရိတ်များ ဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။ သို့ပါ၍ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေနှင့် အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ်(OWIC)လျှောက်ထားရယူခြင်းတို့အား ဆောင်ရွက်ပြီး တရားဝင်သွားရောက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Download ရယူရန်

Video