ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Latest News
Ministry of Ethnic Affairs / Posted on January 20, 2026
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၁/၂၀၂၆)နှင့် ကွန်ပျူတာသင်တန်း (၁/၂၀၂၆) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
Ministry of Information / Posted on January 21, 2026
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ကျင်းပမည့် မြို့နယ်ရှစ်မြို့နယ်တွင် ပါဝင်သော ပုသိမ်ကြီးမြို့နယ်ရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၇၇၁၄၄ ဦးအတွက် မဲရုံပေါင်း ၁၃၉ ရုံ စနစ်တကျဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
Ministry of Information / Posted on January 21, 2026
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Ministry of Information/ Naypyitaw / January 21, 2026
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
အဖွဲ့အစည်းအသီးသီးမှ လူမှုကွန်ရက်ပေါ်တွင် ထောက်ခံအားပေးသည့် Post များရေးသားခြင်း၊ ထုတ်ပြန်ချက်များထုတ်ပြန်ခြင်း၊ မြေပြင်ထောက်ခံပွဲများ ပြုလုပ်ခြင်းများကို မည်သူ့တိုက်တွန်းချက်မှမပါဘဲ အားတက်သရောလုပ်ဆောင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ် အသိအမှတ်ပြုပါသည်။
သို့ရာတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့် အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲ များပြုလုပ်ရာတွင်လည်းကောင်း အောက်ပါအချက်များအား အထူးသတိပြုလိုက်နာကြပါရန် နှိုးဆော်အပ်ပါသည် -
(၁) ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်။
(၂) လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြပါရန်။
(၃) တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြပါရန်။
(၄) Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန်။
