မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Latest News
Ministry of Information / Posted on April 29, 2026
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့်လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
Ministry of Information / Posted on April 29, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KIA အဖွဲ့ နှင့် KPDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
Ministry of Information / Posted on April 29, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးကိုလည်းကောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရပ်ကွက်များအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadမြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Ministry of Transport and Communications/ Naypyitaw / March 11, 2025
"မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း"
စာတိုက်ဝန်ထမ်းများမှ ပေးပို့သောပစ္စည်းများအား တာဝန်အရ စိစစ်ခြင်းကို ကြည်ဖြူစွာ ခွင့်ပြုပေးပါရန် ပန်ကြားအပ်ပါသည်။
ပြည်ပနိုင်ငံသို့ ပေးပို့မည့် တင်ပို့သူ(Customer)မှ ပါဆယ်(Parcel)ပို့ဆောင်မှုနှင့်ပတ်သက်၍ လိုအပ်သော အချက်အလက်များကို မိမိနေအိမ်၌ အောက်ဖော်ပြပါ EAD(Electronic Advance Data)
Link – https://www.cds.post/CDS.Web/Operational/andeclaration.aspx?cc=mm
တွင်မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်လာပါက စာတိုက်ကောင်တာများတွင် စောင့်ဆိုင်းချိန် လျော့နည်းပြီး အချိန်ကုန် သက်သာစေပါသည်။
သက်ဆိုင်ရာစာတိုက်ကောင်တာတွင် ရယူနိုင်သော အောက်ဖော်ပြပါ CN-23 ပုံစံပါ Bar Code Number ဖြင့် https://globaltracktrace.ptc.post/gtt.web/ သို့ ဝင်ရောက်၍ Tracking ပြုလုပ် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
သုံးစွဲသူမိဘပြည်သူများအနေဖြင့် ပြည်ပသို့ ချောထုပ်ပေးပို့ရာတွင် ကြားလူ(ပွဲစား)များဖြင့် ပေးပို့ပါက မလိုလားအပ်သော အမှားအယွင်းများရှိနိုင်ပါသဖြင့် ကိုယ်တိုင်လာရောက်ပေးပို့ကြပါရန်နှင့် ပေးပို့ပြီးပါက CPXXXXXXXXXMM (သို့မဟုတ်) EEXXXXXXXXXMM Code များ ရယူကြပါရန် အသိပေးအပ်ပါသည်။
