မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Latest News

Ministry of Transport and Communications / Posted on April 19, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Kayin State Government / Posted on April 19, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

Ministry of Cooperatives and Rural Development / Posted on April 19, 2025
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ငလျင်ဒဏ်သင့် အဆောက်အဦးများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Ministry of Transport and Communications/ Naypyitaw / March 11, 2025

"မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း"
စာတိုက်ဝန်ထမ်းများမှ ပေးပို့သောပစ္စည်းများအား တာဝန်အရ စိစစ်ခြင်းကို ကြည်ဖြူစွာ ခွင့်ပြုပေးပါရန် ပန်ကြားအပ်ပါသည်။
ပြည်ပနိုင်ငံသို့ ပေးပို့မည့် တင်ပို့သူ(Customer)မှ ပါဆယ်(Parcel)ပို့ဆောင်မှုနှင့်ပတ်သက်၍ လိုအပ်သော အချက်အလက်များကို မိမိနေအိမ်၌ အောက်ဖော်ပြပါ EAD(Electronic Advance Data)
Link – https://www.cds.post/CDS.Web/Operational/andeclaration.aspx?cc=mm
တွင်မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်လာပါက စာတိုက်ကောင်တာများတွင် စောင့်ဆိုင်းချိန် လျော့နည်းပြီး အချိန်ကုန် သက်သာစေပါသည်။
သက်ဆိုင်ရာစာတိုက်ကောင်တာတွင် ရယူနိုင်သော အောက်ဖော်ပြပါ CN-23 ပုံစံပါ Bar Code Number ဖြင့် https://globaltracktrace.ptc.post/gtt.web/ သို့ ဝင်ရောက်၍ Tracking ပြုလုပ် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
သုံးစွဲသူမိဘပြည်သူများအနေဖြင့် ပြည်ပသို့ ချောထုပ်ပေးပို့ရာတွင် ကြားလူ(ပွဲစား)များဖြင့် ပေးပို့ပါက မလိုလားအပ်သော အမှားအယွင်းများရှိနိုင်ပါသဖြင့် ကိုယ်တိုင်လာရောက်ပေးပို့ကြပါရန်နှင့် ပေးပို့ပြီးပါက CPXXXXXXXXXMM (သို့မဟုတ်) EEXXXXXXXXXMM Code များ ရယူကြပါရန် အသိပေးအပ်ပါသည်။