မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Latest News

Ministry of Information / Posted on June 04, 2025
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၁ ရက် ညနေပိုင်းက မိတ္တီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာနေ ကျော်ဇေယျ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျနှင့် အောင်ဇော်ဝင်း (ခ) ကုလားမတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၅၂ သိန်း)၊ ဆေးခြောက်အလေးချိန် ၃ ကီလို (ဆေးခြောက်တစ်ကီလို လျှင် ငါးသိန်းကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်၁၅ သိန်း) နှင့် ငွေကျပ် ၁၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ကျော်ဇေယျ (၃၈)နှစ် နှင့် အောင်ဇော်ဝင်း (ခ) ကုလားမ (၃၉) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

Ministry of Information / Posted on June 04, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၀၃၁၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

Ministry of Information / Posted on June 04, 2025
သမဝါယမကဏ္ဍက အရည်အချင်းပြည့်မီသော စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံပညာ Grade - 9 အောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ တက်ရောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစကာ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) များတွင် အခြေခံပညာကျောင်းများကဲ့သို့ နှစ်စဉ် ဇွန်လမှ ဖေဖော်ဝါရီလအထိ သင်တန်းကာလကိုးလဖြင့် သုံးနှစ်သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / June 02, 2025
၁။ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိကသုံးစွဲလျက်ရှိသော အောက်ပါမြေဩဇာများကို ပူးတွဲပါ ဈေးနှုန်းများအတိုင်း ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ၁-၆-၂၀၂၅ မှ ၃၀-၆-၂၀၂၅ ရက်ထိ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည် -
(က) |
ယူရီးယား(အလုံးကြီး) |
၅၀ ကီလိုတစ်အိတ် |
၉၅,၀၀၀ ကျပ် |
( ခ) |
Rock Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၂၄,၀၀၀ ကျပ် |
( ဂ) |
Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၃၅,၀၀၀ ကျပ် |
၂။ အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါသည်။
၃။ ရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ပါသည်။
၄။ အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဦးဆောင်ကော်မတီ ၀၆၇-၄၁၀၀၃၂
( ခ) MFSPEA အသင်း ၀၉-၉၈၈၅၃၉၃၆၀
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ
Download