သဘောထားထုတ်ပြန်ကြေညာချက်
Latest News
Ministry of Information / Posted on January 21, 2026
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Ministry of Cooperatives and Rural Development / Posted on January 21, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Cooperatives and Rural Development / Posted on January 21, 2026
သနပ်ပင်မြို့နယ် စံပြကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
သဘောထားထုတ်ပြန်ကြေညာချက်
Ministry of Information/ Naypyitaw / January 21, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
သဘောထားထုတ်ပြန်ကြေညာချက်(၁/၂၀၂၆)
၂ဝ၂၆ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်
(၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ ဇန်နဝါရီလ (၂၉) ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေခြင်းသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာလိုသည့် ဆန္ဒကိုလည်း ဖော်ပြနေခြင်းဖြစ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတော်နှင့် သက်ဆိုင်သော အငြင်းပွားမှုများကို တရားဥပဒေ၏ မျှတမှုအပေါ် ယုံကြည်အခြေခံ၍ ထိရောက်ပြတ်သားစွာ ရင်ဆိုင်ဖြေရှင်းနေမှုကို အပြည့်အဝကြိုဆိုထောက်ခံပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုသည် ပကတိဖြစ်စဉ်မှန်များကို ပုံဖော်ပေးနိုင်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ပကတိဖြစ်စဉ်များအပေါ် သိရှိနားလည်စေမှာဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း အရေးပါသော အခြေခံအချက်တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။
သို့ပါ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုထောက်ခံဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနှင့် မိမိတို့ပါတီအနေဖြင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သားတည်းရပ်တည်လျက်ရှိနေပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
