သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Latest News
Ministry of Information / Posted on February 08, 2026
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 08, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစားစားပွဲဖြင့် တည်ခင်းဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး Banquet Hall ၌ ကျင်းပပြုလုပ်သည်။
Ministry of Transport and Communications / Posted on February 08, 2026
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Downloadသမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / May 20, 2025
၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။
၂။ အဆိုပါသင်တန်းသို့ အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
(က) အခြေခံပညာစနစ်သစ် Grade 9 အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ(လူပျို/အပျို)ဖြစ်ရမည်။
(ဃ) သင်တန်းမှချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
၃။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ)အောင်လက်မှတ် ပေးအပ်ချီးမြှင့် မည်ဖြစ်ပါသည်။
၄။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းတွင် (၃)နှစ်သင်တန်း ပြီးဆုံး အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကို သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် သမဝါယမ စာရင်း ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီး မြို့၊ ရှမ်းပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် လျှောက်လွှာများဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ (၁၅-၆-၂၀၂၅) ရက်နေ့ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် -
ရုံးချုပ် - ၀၆၇-၃၄၁၀၃၄၃
မကွေး - ၀၉-၂၅၄၄၁၂၃၃၈ ၊ ၀၉-၆၉၁၉၀၅၃၂၁
မန္တလေး - ၀၉-၄၂၀၇၀၁၆၃၄၊ ၀၉-၆၉၂၂၈၈၆၄၃၊ ၀၉-၂၁၁၀၆၄၉၊
၀၉-၆၆၅၆၉၁၉၁၈
တောင်ကြီး - ၀၈၁- ၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃၊ ၀၉- ၄၂၅၅၆၀၀၅၄
မော်လမြိုင် - ၀၉-၄၂၅၂၈၈၇၃၅၊ ၀၉- ၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊
၀၉-၄၂၅၂၆၇၀၀၈
ပုသိမ် - ၀၄၂-၂၉၀၀၃၊ ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၇၆၉၂၃၂၄၅၇၊ ၀၉-၄၅၁၀၈၉၄၀၄၊ ၀၉-၇၇၂၆၀၂၉၂၇သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
