သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Latest News
The Supreme Court of the Union / Posted on April 03, 2026
The Graduation and Taking Oath Ceremony of the Deputy Township Judges On-Job Training Course No. (34) was held at the Judicial College of the Supreme Court of the Union at 08:00 am this morning and the Union Chief Justice U Tha Htay attended and made the opening speech.
Ministry of Transport and Communications / Posted on April 03, 2026
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
The Supreme Court of the Union / Posted on April 03, 2026
The Closing Ceremony of the Refresher Course for Senior Judicial Officers No. (5) was held at the Judicial College of the Supreme Court of the Union at 7:00 AM this morning, and the Union Chief Justice U Tha Htay attended and delivered the opening speech.
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / April 03, 2026
၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့ သင်တန်းများသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
(က) စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့
(Master of Entrepreneurship and Business Management– MEBM)
(ခ) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့
(Master of Public Administration – MPA)
(ဂ) အသုံးချသုတေသနပညာမဟာဘွဲ့
(Master of Applied Research – MAR)
၂။ အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တစ်ပြိုင်တည်းတက်ရောက်နေသူ မဖြစ်စေရ။
(ဂ) သက်ဆိုင်ရာမဟာဘွဲ့သင်တန်းနှင့် ကိုက်ညီသည့်လုပ်ငန်းနယ်ပယ်အလိုက် အတွေ့ အကြုံရှိသူကို ဦးစားပေးပါမည်။
(ဃ) သက်ဆိုင်ရာသင်ရိုးနှင့်အညီသတ်မှတ်ထားသော အချိန်အတိုင်းပြည့်မီစွာတက်ရောက် နိုင်သူဖြစ်ရမည်။
(င) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့တက်ရောက် ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။
၃။ သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို သက်ဆိုင်ရာတာဝန်ခံဌာနများတွင် Online (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၊ သင်တန်းရေးရာဌာနတွင် (၃-၄-၂၀၂၆) ရက် (သောကြာနေ့) မှ (၂-၅-၂၀၂၆) (စနေနေ့) ထိ သတ်မှတ်ရက်အတွင်း တင်သွင်း လျှောက်ထားနိုင်ပါသည်။
၄။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၆-၅-၂၀၂၆) ရက် (စနေနေ့) တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၌ နံနက် ၉:၀၀နာရီမှ ၁၂:၀၀ နာရီ အထိ ဖြေဆိုရမည်ဖြစ်ပါသည်။
၅။ သင်တန်းအတွက်ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများအား လူတွေ့စစ်ဆေး ရွေးချယ်သွားမည်ဖြစ်ပါသည်။
၆။ သင်တန်းကို အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (Hybrid System) ဖြင့် Online နှင့် In Person တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။
၇။ ပြည့်စုံစွာဖော်ပြမှုမရှိသော လျှောက်လွှာများ၊ ထောက်ခံချက်မပြည့်စုံသော လျှောက်လွှာ များကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။
၈။ အသေးစိတ်သိရှိလိုပါက - (က) MEBM သင်တန်းအတွက် သမဝါယမပညာဌာန၊
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် (ဖုန်း-၀၉၉၇၆၃၇၉၉၃၁၊၀၉၄၂၂၅၅၁၇၈၈)
အီးမေးလ်များ Email- docsem2023@gmail.com
(ခ) MPA သင်တန်းအတွက် ဘောဂဗေဒဌာန၊
(ဖုန်း-၀၉၅၀၈၁၆၃၂၊ ၀၉၄၄၂၀၇၆၄၆၅)
Email- economicsdept1132026@gmail.com
(ဂ) MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန၊
(ဖုန်း-၀၉၇၈၅၅၈၇၉၄၇၊ ၀၉၉၇၉၂၅၇၆၉၇)
Email- statisticsucmtmar@gmail.com
(ဃ) သင်တန်းရေးရာဌာန
(၀၉၇၉၅၃၀၀၁၅၁)
Email- academicaffairsucmt@gmail.com
