Latest News

စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ သဲချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှာက်ပေးနေမှုအား ကြည့်ရှုအားပေး၊ စားသောက်ဖွယ်ရာများပေးအပ်

Ministry of Information / Posted on June 01, 2023

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာသို့သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအိမ်ရာဝန်းအတွင်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိမ်ခန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုကြည့်ရှု၍ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီနှီးမေးမြန်း အားပေးစကားပြောကြားပြီး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုများအား ကြည့်ရှုအားပေးသည်။

စစ်‌တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

Ministry of Information / Posted on June 01, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများ စတုတ္တအသုတ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

Ministry of Information / Posted on June 01, 2023

မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများ သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

Newspaper

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁ နေ့၊ မေ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ရက်၊ မေ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသောစဉ်းစားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၃)


Commissions & Committees/ Yangon / March 22, 2023


     လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့် (the right to education) ရှိကြောင်း ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ တွင် အတိအလင်း ပြဆိုထားပါသည်။ ထိုအခွင့်အရေး ကို အကောင်အထည်ဖော်ရာတွင် တန်းတူရည်တူ ပညာသင်ယူခွင့်ကို အခြေခံလိုအပ်ချက် အဖြစ် အသိအမှတ်ပြု ဖော်ပြကြပါသည်။ ဤအခွင့်အရေးကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ရာတွင် အခြေခံပညာအဆင့်များ၌ အခမဲ့ပညာသင်ယူခွင့်ရရှိရေးသည် အလွန်အရေးပါသော အချက် များဖြစ်ပြီး မသင်မနေရ မူလတန်းပညာရေး သဘောတရားကို လိုက်နာဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ နိုင်ငံတော်အစိုးရ၏ KG+9 မူဝါဒကို အကောင် အထည်ဖော်ဆောင်မှုသည်လည်း ဤသတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပါ သည်။

     အဓိပ္ပာယ်ပြည့်ဝသော ပညာသင်ယူပိုင်ခွင့်ရရှိရေးတွင် ပညာသင်ယူရန် လွယ်ကူ အဆင်ပြေမှုနှင့် တန်းတူရည်တူ ရှိမှုတို့သည် မရှိမဖြစ် လိုအပ်သော အခြေအနေများ ဖြစ်ကြ ပါသည်။ မည်သည့်နေရာတွင်သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင် မည်သည့် သင်ခန်းစာများ ပါဝင်သည်ဖြစ်စေ၊ သင်ကြားပို့ချသူ ဆရာ/ ဆရာမများသည် မည်သူများ ပင်ဖြစ်စေ ပညာရေး၏ အန္တိမရည်မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏ အကျိုး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်သည်။ ပညာတတ်ပုဂ္ဂိုလ်များသည် အမှန်စင်စစ် နိုင်ငံအတွက် အရေးကြီးသော အဖိုးတန်ရတနာများဖြစ်သည်ကို ထင်ထင်ရှားရှား သိမြင်ကြ မည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ရှုမြင်မည် ဆိုပါက ပညာသင်ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်အတွက် အမြော်အမြင်ရှိသည့် လမ်းစဉ်တစ်ရပ် ဖြစ်ပါသည်။

     ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အပြည့်အဝအကောင်အထည် ဖော်ရန် ကြိုးပမ်းမှုများကို အားလုံးက ကြိုဆိုကြလိမ့်မည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download

Video