အမိန့်ကြော်ငြာစာအမှတ် ၊ ၁ / ၂၀၂၄ ETHYLENE OXIDE အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း

Latest News

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

Ministry of Information / Posted on July 20, 2024

ဝါဆိုလပြည့်နေသည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာစတင် ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည့်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်တို့နှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ (၁) နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

Ministry of Information / Posted on July 20, 2024

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ (၁) နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

စဉ့်ကူးမြို့အတွင်းဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Ministry of Information / Posted on July 20, 2024

PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းမှစ၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ စဉ့်ကူးမြို့ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသောနေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

အမိန့်ကြော်ငြာစာအမှတ် ၊ ၁ / ၂၀၂၄ ETHYLENE OXIDE အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း


Ministry of Industry/ location / June 13, 2024


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၊ ၁ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် (၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်)
Ethylene Oxide အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်ခြင်း

၁။    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၅ ၊ ပုဒ်မခွဲ (ဇ) နှင့် ပုဒ်မ၄၇၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။     ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့မှ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၆ အပိုဒ် ခွဲ(ဂ)၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ခဲ့သော ကြိုတင်အသိပေးရမည့် ပိုးသတ်ဆေးများ၊ အပိုဒ်ခွဲငယ်(၁၄)တွင် ထည့်သွင်းခဲ့သည့် Ethylene Oxide အား တားမြစ်ဓာတုပစ္စည်းအဖြစ်မှ ပယ်ဖျက်လိုက်သည်။

ဥက္ကဋ္ဌ
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ
တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့