ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၂,၂၀၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၂,၂၀၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / April 13, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာအနီး၌ မသင်္ကာဖွယ်တွေ့ရှိသူ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်နေ မိုးနိုင်(၄၈)နှစ်နှင့် မြို့မမြောက်ရပ်ကွက်နေ ရိမ်းပေါင်(၂၄)နှစ်တို့အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၆၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၂,၀၅၂ သိန်း)အား ဖမ်းဆီး ရမိခဲ့ကြောင်း။
အလားတူ ဧပြီ ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီး၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော FOTON TOANO အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နေ ဒေါ်စမ်းအေး(၅၆)နှစ် သယ်ဆောင်လာသည့် ပလတ်စတစ်ပုံးများအတွင်းမှ ဘိန်းစိမ်း ၁၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁၅၆ သိန်း)အား ဖမ်းဆီးရမိခဲ့သဖြင့် မိုးနိုင်၊ ရိမ်းပေါင်နှင့် ဒေါ်စမ်းအေးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
