ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာများရရှိ
ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာများရရှိ
Ministry of Information/ Naypyitaw / October 05, 2024

နေပြည်တော် အောက်တိုဘာ ၄
PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နေသော မြို့၊ ရွာများကို တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် Drop Bomb များ၊ လက်နက်ကြီးများဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများဖြစ်ပေါ်လျက်ရှိပြီး ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာကို Drop Bomb များဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်နေကြသူ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအား ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှုခံယူစေလျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင်နေကြသော ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် လုပ်ရပ်သည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်သမားများကို ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ်မုန်းတီးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)
Union Civil Service Board / Posted on July 17, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on July 17, 2025
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း
Ministry of Information / Posted on July 17, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။