ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး
ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး
Ministry of Information/ Naypyitaw / June 04, 2025

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံကျော်လွန်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့သက်ရှိ သတ္တဝါတို့တွင် ဉာဏ်ရည်အမြင့် ဆုံးဖြစ်သော လူသားတို့ ကမ္ဘာကို လွှမ်းမိုးလာနိုင်သည်နှင့်အမျှ သဘာဝသယံဇာတအရင်းအမြစ်များကို အတိုင်းအဆမဲ့ ထုတ်ယူသုံးစွဲခဲ့ကြသလို တစ်ဖက်တွင်လည်း အတိုင်းအဆမဲ့ စွန့်ပစ်နေကြရာမှ လူသားအားလုံးနှင့်တကွ သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ကြရာ ကမ္ဘာကြီး၏ ရေထု၊ မြေထု၊ လေထုစသော သဘာဝပတ်ဝန်းကျင်များမှာ တစ်စတစ်စ ယုတ်လျော့ပျက်စီးလာသလို ပို၍ပို၍ ညစ်ညမ်းလာသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံအားလုံးက ဝိုင်းဝန်းပါဝင်ဖြေရှင်းနိုင်ကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဟူ၍ဖြစ်သည်။ လူသားတို့၏ ခန္ဓာကိုယ်ထဲတွင် မိုက်ခရိုပလတ်စတစ်များအဖြစ် ရောက်ရှိနေသလို ကမ္ဘာ့နေရာတိုင်း၊ ပတ်ဝန်းကျင်တိုင်းမှာပါ ဖြစ်ပေါ်နေသည့် ပလတ်စတစ်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် စုပေါင်းပါဝင်လုပ်ဆောင်နိုင်ကြစေရန်အတွက် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က တိုက်တွန်းနှိုးဆော်သွားမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှစ၍ နောက်နှစ်လတိတိအချိန်တွင် ကမ္ဘာ့နိုင်ငံများ ထပ်မံတွေ့ဆုံ၍ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာသဘောတူစာချုပ် ပေါ်ထွန်းလာစေရန် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားကြမည်ဖြစ်သည်။
မျက်မှောက်ကမ္ဘာတွင် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာမှာ တစ်ကမ္ဘာလုံး ပလတ်စတစ်သုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေခြင်းနှင့်အတူ ပိုမို၍ဆိုးရွားလာလျက်ရှိသည်။ လူတို့ထုတ်လုပ်သုံးစွဲ စွန့်ပစ်လိုက်သည့် ပလတ်စတစ်များသည် ကမ္ဘာ့ရေထု၊ မြေထု၊ လေထုစသည့် ပတ်ဝန်းကျင်နေရာအားလုံးသို့ ရောက်ရှိနေသည့်အပြင် လူနှင့်တိရစ္ဆာန်များ သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ပင် ရောက်ရှိနေကြကြောင်း သုတေသနပြု တွေ့ရှိထားကြပြီးဖြစ်သည်။ စွန့်ပစ်ပလတ်စတစ်များကို ဖျက်ဆီးပစ်ရန်မှာ စရိတ်စက ကြီးမားသည့်အပြင် အန္တရာယ်ရှိ အဆိပ်အတောက်၊ အခိုးအငွေ့များကြောင့် လူသားတို့ကို ထိခိုက်စေနိုင်သည်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်အတွင်းသို့ မိုက်ခရိုပလတ်စတစ်အမှုန်ပေါင်း ငါးသောင်းနှင့်အထက် နှစ်စဉ် အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေရာ ပလတ်စတစ်ကို လူတိုင်းသုံးစွဲ၊ လူတိုင်းစွန့်ပစ်နေကြသကဲ့သို့ ပလတ်စတစ်၏ အန္တရာယ်ကလည်း လူတိုင်းအပေါ် ကျရောက်နေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး လှုပ်ရှားမှုများတွင်လည်း လူတိုင်းပါဝင်ကြရန် လိုသည်။
မိမိတို့နိုင်ငံသည် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)’’ တွင် ရည်မှန်းချက်ပန်းတိုင် ခြောက်ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေးဖြေရှင်းရန် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ပလတ်စတစ်သုံးစွဲ မှုများ လျှော့ချရေး၊ တစ်ခါသုံးပလတ်စတစ်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်သုံးစွဲရေး၊ စွန့်ပစ်ပလတ်စတစ်များကို ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲရေး၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် အမှိုက်ခွဲခြားသိမ်းဆည်းခြင်းစနစ် အကောင်အထည်ဖော်ရေးစသည်တို့ကို ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှုဖြင့် ရေရှည်ဆက်လက်ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Transport and Communications / Posted on June 04, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Union Civil Service Board / Posted on June 05, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်
Ministry of Transport and Communications / Posted on June 04, 2025
အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်