ကရင်ပြည်နယ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / September 17, 2025


ဘားအံ စက်တင်ဘာ ၁၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များကိုခွဲဝေပေးအပ်ထားပြီးဖြစ်၍ တာဝန်နှင့်ဝတ္တရားများကို ကျေ ပွန်စွာဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများနှစ်သက်သည့်သီးနှံကို လွတ်လပ်စွာစိုက်ပျိုးလုပ်ကိုင်နိုင်စေရေး၊ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မွေးမြူရေးတိရစ္ဆာန် အစားအစာများရရှိနိုင်ရေး သက်ဆိုင်ရာဌာန၊အသင်း၊အဖွဲ့များနှင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လယ်ယာမြေပေါ်တွင် မွေးမြူရေးခြံများ၊ ငါးမွေးကန်များတည်ရှိနေခြင်းကို တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဖြစ် စေရန် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေ ရေးနှင့်ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ သဘာဝဘေးဒဏ်ကြောင့်ဆုံးရှုံးမှုများအား အကူအညီပေးနိုင်ရေး၊ သင့်တင့် လျှောက်ပက်သည့်ဈေးနှုန်းနှင့်ဈေးကွက်ရရှိစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များထွက်ရှိနိုင်ရေးအတွက် တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ရှိကာလတောင်သူများကြုံတွေ့နေရသည့် စပါးဈေးကျဆင်း နေသည့်အခက်အခဲနှင့် ရင်ဆိုင်နေရသည့်အခြေအနေများ၊ ဆန်စပါးတင်ပို့ရောင်းချရာတွင် လမ်းခရီးကြန့်ကြာနေရ သည့်အခြေအနေ၊ သွင်းကုန်ပို့ကုန်များကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင် နိုင်ရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကရင်ပြည်နယ်အတွင်းလယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက် မှတ် ပုံစံ(၇)ထုတ်ပေးရန်လျာထားမှုအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်နယ်၏အဓိကသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ တောင်သူပညာပေးဆွေးနွေးပွဲများဆောင်ရွက်မှု၊ ကွင်းသရုပ်ပြပွဲများ၊မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မျိုးစပါးနှင့်မြေဩဇာများ၊သွင်းအားစုများ ဖြန့်ဝေပေး အပ်မှု၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှုနှင့်ပိုလျှံမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ သမဝါယမကဏ္ဍဖြင့် လယ်ယာလုပ်ငန်းများဆောင်ရွက်နေမှု၊ မိုးစပါးစိုက်ပျိုးရေးစီမံ ကိန်းတွင်ပါဝင်သည့်သမဝါယမအသင်းများအားပံ့ပိုးပေးနိုင်မှု၊ ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးရေးစီမံကိန်း လျာ ထားဧက၊ ကွင်းဆင်းဆောင်ရွက်မှုအခြေနေ၊ လယ်ယာလုပ်ငန်းသုံးစက်ကိရိယာများ သုံးစွဲနိုင်မှုနှင့် လယ်ယာမြေ အဆင့်မြှင့်တင်လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြကာ ခရိုင်အဆင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများက သက်ဆိုင်ရာခရိုင်များအလိုက် ရာသီဥတု၊ မြေအသုံးချမှု၊ သီးနှံစိုက်ပျိုးဧကများ၊ မွေးမြူ ထားရှိသောတိရစ္ဆာန်စာရင်း၊ သီးနှံများလွတ်လပ်စွာရွေးချယ်စိုက်ပျိုးခွင့်၊ စိုက်ပျိုးစရိတ်ချေးငွေချေးယူခွင့်၊ သွင်းအားစု များရရှိရေး၊ မြေယာဥပဒေနှင့်အညီအကျိုးခံစားခွင့်ရရှိရေး၊ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရေး၊ ကုန်ထုတ်လမ်းများဖော်ထုတ်ဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲ၊ နည်းပညာပေးဆွေးနွေးပွဲနှင့် သင်တန်းများဖွင့်လှစ် နိုင်မှုများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြ ပြီး တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

Ministry of Information / Posted on September 17, 2025

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

မြန်မာနိုင်ငံပြန်တမ်း

Ministry of Information / Posted on September 17, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Commissions & Committees / Posted on September 16, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023