ကရင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Billboard စိုက်ထူ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Billboard စိုက်ထူ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 12, 2025

ဘားအံ ဇွန် ၁၂
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Billboard စိုက်ထူခြင်းကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့အဝင် သံလွင်တံတားထိပ်ရှိ ရတနာဆင်ဖြူတော်လေးစီးပါဝင်သောဖားစည်အဝိုင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်စိုက်ထူပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဝင်များက “တိုးတက်မှု များထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့”ဆောင်ပုဒ်ပါ ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ Billboard ကို စိုက်ထူ၍ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က Billboard စိုက်ထူပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရတနာဆင်ဖြူတော်လေးစီးပါဖားစည်အဝိုင်းအား ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့အဝင်လမ်းပိုင်းအဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက် ဖျက်ရေးနေ့ အခမ်းအနားကို နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကလေးအလုပ်သမားဖြစ် စေသည့်အခြေခံအကြောင်းအရင်းများကိုဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင် ပါကကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အဓိကထားဆောင်ရွက်ပြီး လုပ်ငန်းကော်မတီအချင်းချင်းသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအတွင်းရေးမှူးက ကလေး အလုပ်သမားများနှင့်ပတ်သက်၍လည်းကောင်း၊ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဥပဒေရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည် ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်း ရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသူများအားရင်းနှီးနွေးထွေး စွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ခင်းကျင်းပြသထားသော ပြည်နယ်အတွင်းလုပ်ငန်းဆောင် ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Ministry of Information / Posted on June 13, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on June 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။