ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 08, 2026
ဘားအံ မတ် ၈
အမျိုးသမီးများ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရန်နှင့် အမျိုးသမီးများ၏အခွင့်အရေးများကို ပြည်သူလူထု တစ်ရပ်လုံးက ပိုမိုနားလည်သတိပြုမိလာစေရန်အတွက် “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံး အတွက် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို မတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း အမျိုးသမီးများနှင့်အမျိုးသမီးငယ်ရွယ်များအတွက် တရား မျှတမှုနှင့် ကာကွယ်စောင့်ရှောက်မှုအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်ကဏ္ဍအားလုံးတွင် အခွင့်အရေးများကို အပြည့်အဝရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အမျိုးသမီး ကော်မတီကို ဖွဲ့စည်းထားပြီး အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုရေး အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ပြည်နယ်အတွင်း အမျိုးသမီးများအားလုံးဘဝလုံခြုံမှုရှိစေရန်၊ တရားမျှတမှုရှိစေရန်နှင့် ကဏ္ဍပေါင်းစုံတွင်တန်း တူညီမျှပါဝင်ခွင့်ရရှိစေရန် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အမျိုးသမီးများအရေးဆောင်ရွက်နေ သည့် အသင်းအဖွဲ့များနှင့်တက်ရောက်လာကြသူများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သော သဝဏ် လွှာ Video Clip နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆောင်ရွက်ချက် Video Clip တို့ကို ကြည့်ရှုခဲ့ကြပြီး မူလတန်ကြိုကျောင်းများမှ ရင်သွေးငယ်လေးများက ကပြဖျော် ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက တို့က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကပြဖျော်ဖြေကြသော မူကြိုရင်သွေးငယ်များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားကာ ခင်ကျင်းပြသထားသော ဓါတ်ပုံမှတ်တမ်းနှင့်ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
