ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အအုံ တစ်လုံး ပျက်စီး

Ministry of Home Affairs/ နေပြည်တော် / January 13, 2026
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးပေါ်သို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရုံးအဆောက်အအုံ တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့် ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သ တင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on January 12, 2026
ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...