ကရင်ပြည်သူ့ပါတီ (KPP) က၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 06, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၅

ကရင်ပြည်သူ့ပါတီ (KPP)ဥက္ကဋ္ဌ နန့်ခင်အေးဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အားလုံးပဲမင်္ဂလာရှိသောနေ့ဖြစ်ပါစေရှင်”

ကျွန်မကတော့ ကရင်ပြည်သူ့ပါတီ(KPP)ရဲ့ဥက္ကဋ္ဌ နန့်ခင်အေးဦးဖြစ်ပါတယ်။ ယခုလိုရုပ်မြင်သံကြားအစီအစဉ်မှာ ပြည်သူလူထုအများရှေ့မှောက် စကားပြောခွင့်ရရှိတဲ့အတွက်စီစဉ်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ပထမဦးစွာ ရှေးနှစ်များကလိုပဲ ကျွန်မတို့ပါတီအမည်ဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ(KPP)ရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းပြပေးလိုပါတယ်။ ကျွန်မတို့ရဲ့ပါတီကို စတင်ထူထောင်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့သွေးချင်းကရင်လူမျိုးများနှင့် ပြည်သူများအနေဖြင့် တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်ရှိနိုင်ရေးအတွက် အခင်းအကျင်းတစ်ရပ်တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။

ကရင်အမျိုးသားများက ဦးဆောင်ဖွဲ့စည်းခဲ့လို့ အမည်ကိုကရင်နှင့်အစပြုထားသော်လည်း တစ်ရွာတည်းနေတစ်ရေတည်းသောက် အစဉ်အဆက် အတူတကွအေးအတူပူအမျှနေထိုင်လာခဲ့ကြသော အခြားတိုင်းရင်းသားပြည်သူအားလုံးကိုလည်း ပါဝင်စေလိုသောဆန္ဒဖြင့် ပြည်သူများဟူသောအမည်ထည့်သွင်းလျက် တိုင်းရင်းသားပြည်သူများ၏ပါတီတစ်ရပ်အဖြစ်  ရပ်တည်ဆောင်ရွက်လျက်ရှိပါတယ်။ ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ကို အခြေခံခြင်းမဟုတ်ကြောင်း ပြောကြားလိုပါတယ်။

ကရင်ပြည်သူ့ပါတီ၏မူဝါဒကို တင်ပြလိုပါတယ်။

ကရင်ပြည်သူ့ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်သို့ ကူးပြောင်းရာတွင် ပါဝင်ဆောင်ရွက်သွား နိုင်ရေးကိုပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ချမှတ်ထားပါတယ်။

ကရင်ပြည်သူ့ပါတီ၏ ယုံကြည်ချက်နှင့် သဘောထားများ-

မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ကျင့်သုံးနိုင်မှသာလျှင် မတူကွဲပြားနေသော တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုများရရှိလာပြီး တိုင်းပြည်အေးချမ်းသာယာမှုကို ရှေးရှုနိုင်မယ်လို့ ယုံကြည်ပါတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်ရာတွင် မိသားတစ်စု၊ လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည် တိုးတက်ရန်အတွက် ပညာရေးသည် အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် လူတစ်ဦးချင်းစီ၏ အရည်အသွေးတိုးမြင့်လာရေးအတွက် အခြေခံကျသောပညာရေးဖွံ့ဖြိုးမှုကို အားသွန်ခွန်စိုက်လုပ်ဆောင်ရန် လိုအပ်သည်လို့ ယုံကြည်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးနှင့်လူနည်းစုများ၏အခွင့်အရေးများကို ကာကွယ်ပေးနိုင်သောစနစ်ကိုချမှတ်အကောင်အထည်ဖော်နိုင်မှသာလျှင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကရင်ပြည်သူ့ပါတီသည်ကရင်လူမျိုးများ၏ မျိုးနွယ်စုအစွဲ၊ ဘာသာရေးယုံကြည်ကိုးကွယ်မှုအစွဲ၊ ဒေသအစွဲစသော မတူကွဲပြားမှုများအပေါ် အစွဲအလမ်းမရှိဘဲ ကရင်တိုင်းရင်းသားအားလုံးကို ကရင်လူမျိုးဟူ၍သာ ချစ်ခင်စွာ ရှုမြင်သဘောထားပါတယ်။

ဤကမ္ဘာမြေပေါ်တွင် ကရင်မျိုးနွယ်များသည် လူမျိုးတစ်မျိုးအနေဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကရင်လူမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ခြင်းကို လူမျိုးရေးတာဝန်တစ်ရပ်အဖြစ် သဘောထားခံယူပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကရင်လူမျိုးတို့၏ အမှန်တရားကိုမြတ်နိုးကျင့်သုံးခြင်း၊ သစ္စာရှိခြင်းစသည့် တန်ဖိုးများကိုအခြေခံပြီး နိုင်ငံသားတိုင်း၏ အနာဂတ်အေးချမ်းသာယာလှပရေးကို  စိတ်ကောင်းစေတနာမှန်ဖြင့် အစဉ်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ  တိုင်းရင်းသားအားလုံးသည် မိမိတို့၏စာပေ၊ ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်လာပြီး တိုင်းရင်းသားအချင်းချင်း  အပြန်အလှန် လေးစားတန်ဖိုးထားမှသာ စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်ရှင်။

ကရင်ပြည်သူ့ပါတီ၏ ရည်ရွယ်ချက်-

၁။  မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ထောင်နိုင်ရန်၊

၂။ ပြည်သူများ၏ လူနေမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရန်၊

၃။ ကရင်မျိုးနွယ်စုများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိသော အခြားတိုင်းရင်းသားလူမျိုးများအားလုံး တရားမျှတသောအခွင့်အရေးများ ရရှိနိုင်ရန်၊

၄။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ အနုပညာ၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်၊

ကရင်ပြည်သူ့ပါတီ၏ လုပ်ငန်းစဉ်-

၁။ ကရင်ပြည်သူ့ပါတီသည် နိုင်ငံတော်ကဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်  အစဉ်တစိုက်  ပါဝင်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါတယ်။

၂။ ကရင်ပြည်သူ့ပါတီသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ အဂတိလိုက်စားမှုကိစ္စရပ်များအား တိုက်ဖျက်တဲ့ အခါ ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

၃။ ကရင်ပြည်သူ့ပါတီသည် ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာကိစ္စရပ်များတွင် တရားမျှတမှုရှိစေရန် ဥပဒေနှင့် အညီ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါတယ်။

၄။ ကရင်ပြည်သူ့ပါတီသည် နိုင်ငံတော်၏ ပညာရေးကဏ္ဍတွင် လူငယ်များ၏ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်သော ပညာရေးစနစ် ပေါ်ထွန်းရေးကို လွှတ်တော်တွင် တင်ပြဆောင်ရွက်မည် ဖြစ်ပါတယ်။

၅။ ကရင်ပြည်သူ့ပါတီသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ မိခင်ဘာသာစကား၊စာပေများကို မပျောက်ပျက်စေရန် နိုင်ငံတော်၏ အမျိုးသားပညာရေးဥပဒေ(ပုဒ်မ ၄၂၊ ပုဒ်မခွဲ ခ)တွင် ပါရှိသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမည် ဖြစ်ပါတယ်။

၆။ ကရင်ပြည်သူ့ပါတီသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊  အနုသုခုမပညာရပ်များကို အကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါတယ်။

၇။  ကရင်ပြည်သူ့ပါတီသည် ပြည်သူလူထု၏ ကျန်းမာရေးကို အထောက်အကူပြုစေရန်အတွက် ကုသရေးထက် ကြိုတင်ကာကွယ်သည့်စနစ် ကို အားကောင်းစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၈။ ကရင်ပြည်သူ့ပါတီသည် တိုင်းပြည်၏ အဓိကစီးပွားရေးကဏ္ဍဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၉။  ကရင်ပြည်သူ့ပါတီသည် လူငယ်နှင့်အမျိုးသမီးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုးတက်ပြောင်းလဲလာသောနည်းပညာရပ်များအား လက်လှမ်း မီအသုံးချနိုင်ရေး အသိပညာပေးဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၁၀။ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့်သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို လွှတ်တော်တွငတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၁၁။ ကရင်ပြည်နယ်ပြင်ပရှိ ကရင်လူမျိုးများအတွက် လူနည်းစုတိုင်းရင်းသားများရရှိရမည့် အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်နှင့် သမိုင်းတွင်ရှိသော လေးစားတန်ဖိုးထားအပ်သည့်နေ့ထူးနေ့မြတ်များ၊ ဝိသေသလက္ခဏာများကိုမှတ်တမ်းပြုစုပြီး အခမ်းအနားများကိုကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၁၂။   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ ကရင်ပြည်သူ့ပါတီ(KPP)က ကိုယ်စားလှယ်လောင်းများဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်လောင်း (၂၁)ဦးနှင့် ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း (၁)ဦးတို့ ဖြစ်ကြပါတယ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကျွန်မတို့ ကရင်ပြည်သူ့ပါတီ(KPP)အနေနှင့်  ပြည်သူများထံသို့ ပန်ကြားအသိပေးချက်များကို တင်ပြလိုပါတယ်။

၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုးနှင့်ပြည်သူများအားလုံး မိမိ၏အမည်သည် သက်ဆိုင်ရာကျေးရွာ/ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ သွားရောက်ကြည့်ရှုအတည်ပြုပါ။

၂။  ဆန္ဒမဲပေးခွင့်ရှိသူများ အမည်စာရင်းတွင် မိမိ၏အမည်မပါရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများထံတင်ပြပြီး မဲပေးခွင့်ရရှိသူများစာရင်းတွင် မိမိအမည်ပါဝင်ရန် လိုက်နာဆောင်ရွက်ပါ။ အခက်အခဲရှိပါက မိမိတို့ဒေသတွင်ရှိသော ကရင်လူမျိုးအခြေပြု ပါတီတာဝန်ရှိသူများကို တင်ပြအကူအညီတောင်းပါ။

၃။ မဲပေးရန် အစစအရာရာအဆင်သင့်ဖြစ်ပြီးပါက ဆန္ဒမဲပေးရမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ရွေးကောက်ပွဲအပိုင်းလိုက် ကျင်းပမှုပြီးဆုံးသည်အထိ မဲပေးနိုင်ရန် ပြင်ဆင်ထားပါ။

နောက်ဆုံးအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်လူမျိုးများနှင့် တိုင်းရင်းသားပြည်သူများစည်းလုံးညီညွတ်စွာ ကရင်ပြည်သူ့ပါတီ(KPP)ကိုယ်စားလှယ်များကို ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံတော်အတွက်အကောင်းဆုံးဖြစ်စေလိုသော စိတ်စေတနာအရင်းခံ၍ တာဝန်ကျေပွန်စွာပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023